
တိုက်စစ်မှူးသစ်ဂျော်အိုပက်ဒရိုရဲ့ခြေစွမ်းပြမှုဖြင့် ဖလူမီနိစ်ကို အနိုင်ယူခဲ့တဲ့ ချဲလ်ဆီး
ဖလူမီနိစ် ဝ-၂ ချဲလ်ဆီး (ပွဲပြီးရလဒ်)
အခုပွဲစဉ်ရဲ့ပွဲချိန်တလျှောက်လုံး ချဲလ်ဆီးကသာ ပြိုင်ဘက်ဖလူမီနိစ်ကို အပြတ်အသတ်အသာစီးရယူကစားပြီး Clean Sheet နိုင်ပွဲနဲ့အတူ ဗိုလ်လုပွဲအဆင့်ဆီ ထိုက်ထိုက်တန်တန် တက်လှမ်းသွားခဲ့ပါတယ်။ ချဲလ်ဆီးအတွက် အနိုင်ဂိုးတွေကိုတော့ အသင်းဆီရောက်ရှိလာတာ ရက်ပိုင်းမျှသာရှိသေးတဲ့ တိုက်စစ်မှူးဂျော်အိုပက်ဒရိုတစ်ဦးတည်းက သွင်းယူပေးခဲ့ပါတယ်။ အခုပွဲစဉ်ရလဒ်ပိုင်းနဲ့အတူ အန်ဇိုမာရက်စ်ကာရဲ့အသင်းက ကလပ်ကမ္ဘာ့ဖလားဗိုလ်လုပွဲကြီးမှာ ပီအက်စ်ဂျီ(သို့မဟုတ်)ရီးရဲလ်မက်ဒရစ်နဲ့ ယှဉ်ပြိုင်သွားရပါမယ်။