
ဒုတိယပိုင်း Comebackနဲ့ ဂိုးပြတ်နိုင်ပွဲရယူနိုင်ခဲ့တဲ့ မန်စီးတီး
မန်စီးတီး ၅ - ၂ ခရစ္စတယ်ပဲလေ့စ် (ပွဲပြီးရလဒ်)
ပထမပိုင်းမှာ ခံစစ်အားနည်းမှုကြောင့် အသည်းအသန်ကစားခဲ့ရတဲ့ မန်စီးတီးဟာ ဒုတိယပိုင်းမှာတော့ တိုက်စစ်အစွမ်းပြမှုနဲ့အတူ ဂိုးပြတ်နိုင်ပွဲ ဖော်ဆောင်နိုင်ခဲ့ပါတယ်။
ပဲလေ့စ်ကတော့ ပထမပိုင်းမှာ မန်စီးတီးကို ဒုက္ခပေးနိုုုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာ ကစားအားကျသွားပြီး ဂိုးပြတ်ရှုံးပွဲကြုံခဲ့ရပါတယ်။
ယနေ့ညနိုင်ပွဲကြောင့် မန်စီးတီးဟာ အဆင့်၄နေရာကို တက်လှမ်းလာနိုင်ပြီး ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ချဲလ်ဆီးနဲ့ နယူးကာဆယ်ကို ဖိအားပေးနိုင်ခဲ့ပါတယ်။