
အိမ်ကွင်းနိုင်ပွဲနဲ့အတူ ဆီမီးဖိုင်နယ်တက်ရောက်ဖို့ အခြေအနေကောင်းသွားတဲ့ ပီအက်စ်ဂျီ
ပီအက်စ်ဂျီ ၃-၁ အက်စတွန်ဗီလာ (ပွဲပြီးရလဒ်)
ပါရီမြေမှာကစားခဲ့တဲ့ အခုပွဲစဉ်မှာ ဦးဆောင်ဂိုးခွင့်ပြုပေးရခြင်းမှလွဲလို့ အိမ်ရှင်ပီအက်စ်ဂျီကသာ ဧည့်သည်အက်စတွန်ဗီလာကို အဖက်ဖက်မှအသာစီးရယူကစားသွားခဲ့ပါတယ်။ ပထမပိုင်းပွဲချိန်အတွင်း ရိုဂျာစ်က အက်စတွန်ဗီလာအတွက် အဖွင့်ဂိုးသွင်းယူပေးခဲ့ပြီး သိပ်မကြာခင်မှာပဲ ဒူအီရဲ့ကြိုးပမ်းမှုမှတဆင့် ပီအက်စ်ဂျီတို့ချေပဂိုးရရှိကာ တစ်ဖက်တစ်ဂိုးစီ သရေရလဒ်ထွက်ပေါ်ခဲ့ပါတယ်။ ဒုတိယပိုင်းပွဲချိန်စတင်လာပြီးနောက် မိနစ်ပိုင်းအကြာမှာပဲ ခဗာရက်စ်ခီလီယာက ဦးဆောင်ဂိုးသွင်းယူခဲ့ပြီး နာကျင်အချိန်ပိုမှာတော့ အိမ်ရှင်တွေအတွက် အနိုင်ပြတ်သားစေမယ့်သွင်းဂိုးကို နူနိုမန်ဒက်စ်က ရယူပေးခဲ့ပါတယ်။
အခြားပွဲစဉ်ရလဒ်
----------------
ဘာစီလိုနာ ၄-၀ ဒေါ့မွန်