
ကင်းပါဝါမှာ Clean Sheet နဲ့အတူ ဂိုးပြတ်နိုင်ပွဲတစ်ခုဖော်ဆောင်နိုင်ခဲ့တဲ့ ယူနိုက်တက်
လက်စတာ ဝ-၃ ယူနိုက်တက် (ပွဲပြီးရလဒ်)
ပထမပိုင်းပွဲချိန်အတွင်း ဟွိုက်စ်လန်းရဲ့သွင်းဂိုးနဲ့ ပွဲကိုဦးဆောင်ထားနိုင်တဲ့ ယူနိုက်တက်က ဒုတိယပိုင်းပွဲချိန်တွေမှာလည်း ဂါနာချို၊ ဘရူနိုဖာနန်ဒက်စ်တို့ရဲ့သွင်းဂိုးတွေနဲ့အတူ အဝေးကွင်းဂိုးပြတ်နိုင်ပွဲတစ်ခု ဖော်ဆောင်ခဲ့ပါတယ်။ တဖက်မှာလည်း လက်စတာက ချေပဂိုးရရှိရေး အစွမ်းကုန်အားထုတ်ခဲ့ပေမယ့် အဆုံးသတ်ပိုင်းအားနည်းချက်တွေကြောင့် ကြိုးစားမှုတွေ အရာမထင်ခဲ့ပါဘူး။ အခုပွဲစဉ်ရလဒ်ပိုင်းကြောင့် လက်စတာရဲ့တန်းတင်ကျန်ရစ်နိုင်ရေးမျှော်လင့်ချက် အားနည်းလာခဲ့ပါတယ်။