The network connection is lost.

Banner Image

ဒုတိယပိုင်းသွင်းဂိုးတွေနဲ့အတူ အဲဗာတန်ထံမှ သရေတစ်မှတ်ခွဲယူနိုင်ခဲ့တဲ့ ယူနိုက်တက်

အဲဗာတန် ၂-၂ ယူနိုက်တက်(ပွဲပြီးရလဒ်)

ဘီတို(၁၉')
ဒူကူရေး(၃၃')
ဖာနန်ဒက်စ်(၇၃')
ယူဂါတီ(၈၀')

ပထမပိုင်းမှာ အတော်လေးခြေစွမ်းညံ့ဖျင်းခဲ့တဲ့ယူနိုက်တက်အနေနဲ့ ဒုတိယပိုင်းမှာတော့ ချေပဂိုးတွေ ၂ ဂိုးဆက်တိုက်ရရှိခဲ့ပြီး အဲဗာတန်ထံမှသရေတစ်မှတ်ခွဲယူနိုင်ခဲ့ပါတယ်။ ဦးဆောင်ဂိုး ၂ ဂိုးအထိရထားခဲ့တဲ့ အဲဗာတန်က ဒုတိယပိုင်းမှာ ကစားအားချခဲ့လို့ ယူနိုက်တက်တို့ ကစားပုံပိုကောင်းခဲ့တာဖြစ်ပါတယ်။ ယူနိုက်တက်ရဲ့တိုက်စစ်က ပွဲပြီးကာနီးမှာ ကစားပုံပိုမိုတိုးတက်ခဲ့ပြီး အနိုင်ရဖို့အထိတောင် နီးစပ်ခဲ့ပါသေးတယ်။ ပွဲပြီးကာနီးမှာ အဲဗာတန်က ပင်နယ်တီရဖို့နီးစပ်ခဲ့သေးပေမယ့် VAR နဲ့စစ်ဆေးပြီး ပြန်လည်ရုပ်သိမ်းခဲ့လို့ ယူနိုက်တက်တို့ သရေတစ်မှတ်ရရှိခဲ့တာလည်းဖြစ်ပါတယ်။