The network connection is lost.

Banner Image

ဗီလာပတ်ခ်မှာ တစ်မှတ်စီခွဲဝေယူခဲ့တဲ့ အက်စတွန်ဗီလာနဲ့ လီဗာပူး

အက်စတွန်ဗီလာ ၂-၂ လီဗာပူး (ပွဲပြီးရလဒ်)

ပွဲချိန်တလျှောက်လုံး နည်းဗျူဟာပိုင်းပြိုင်ဆိုင်မှုတွေနဲ့ အကြိတ်အနယ်ယှဉ်ပြိုင်ကစားခဲ့ကြပြီး အပြန်အလှန်သွင်းဂိုးတွေပါမြင်တွေ့ခဲ့ရလို့ စိတ်လှုပ်ရှားစရာကောင်းတဲ့ပွဲစဉ်တစ်ခု ဖြစ်ခဲ့ပါတယ်။ အခုပွဲစဉ်မှာ အိမ်ကွင်းမာဂုဏ်မြင့်မားတဲ့အက်စတွန်ဗီလာက ဧည့်သည်လီဗာပူးကို အတော်လေးဒုက္ခပေးနိုင်ခဲ့ပြီး ပထမပိုင်းပွဲချိန်မှာတင် မိုဆာလက်ရဲ့ဦးဆောင်ဂိုးကို တိုင်လီမန်းစ်ရဲ့သွင်းဂိုးနဲ့ချေဖျက်ကာ ဝက်ကင်စ်ရဲ့ခေါင်းတိုက်ဂိုးနဲ့ ပွဲကိုဦးဆောင်ထားခဲ့ပါတယ်။ ဒုတိယပိုင်းပွဲချိန်အတွင်းမှာတော့ အာနိုးလ်က လီဗာပူးအတွက် ချေပဂိုးသွင်းယူပေးခဲ့လို့ တစ်ဖက်နှစ်ဂိုးစီသရေရလဒ်နဲ့ ပွဲပြီးဆုံးခဲ့ပါတယ်။ ဗီလာပတ်ခ်လို ပြိုင်ဘက်တွေအတွက် ခက်ခဲလှတဲ့ကွင်းကြီးမှာ သရေတစ်မှတ်ရယူနိုင်ခဲ့တာ အမှတ်ပေးဇယားဦးဆောင်နေသူတွေအတွက် မဆိုးလှဘူးလို့ ပြောနိုင်ပြီး အခုပွဲစဉ်ရလဒ်ပိုင်းနဲ့အတူ အန်းစလော့ရဲ့အသင်းက အနီးဆုံးပြိုင်ဘက်အာဆင်နယ်ထက် တစ်ပွဲပို၊ ၈ မှတ်အသာစီးရယူကာ အမှတ်ပေးဇယားထိပ်ဆုံးနေရာမှာ ဆက်လက်ရပ်တည်နေခဲ့ပါတယ်။