The network connection is lost.

Banner Image

အလိုင်းယန့်ဇ်အရီနာမှာ ဆဲလ်တစ်ကို ခက်ခက်ခဲခဲကစားပြီး နောက်တစ်ဆင့်တက်နိုင်ခဲ့တဲ့ ဘိုင်ယန်မြူးနစ်

ဘိုင်ယန်မြူးနစ် ၁-၁ ဆဲလ်တစ် (ပွဲပြီးရလဒ်)

အခုပွဲစဉ်ပွဲချိန်တလျှောက်လုံး အိမ်ရှင်ဘိုင်ယန်မြူးနစ်ရော၊ ဧည့်သည်ဆဲလ်တစ်ပါ အခွင့်အရေးတွေဖြုန်းတီးခဲ့ကြလို့ သွင်းဂိုးတွေထင်သလောက် မမြင်တွေ့ခဲ့ရပါဘူး။ သာမန်ပွဲကစားချိန်တစ်နာရီကျော်မှာတော့ ပထမအကျော့ရှုံးနိမ့်မှုကိုပြန်ချေဖျက်ဖို့လိုအပ်နေတဲ့ ဆဲလ်တစ်တို့ နီကိုးလပ်စ်ခွန်းရဲ့သွင်းဂိုးနဲ့ ပွဲစဉ်ကို ဦးဆောင်လာနိုင်ခဲ့ပါတယ်။ နောက်ပိုင်းမှာ ဘိုင်ယန်မြူးနစ်က ချေပဂိုးရရှိရေး အစွမ်းကုန်ကြိုးစားလာပေမယ့် ဝါရင့်ဂိုးသမားကတ်စ်ပါရှမိုက်ကယ်ဦးဆောင်တဲ့ ဆဲလ်တစ်ခံစစ်ပိုင်းကို ဖြိုခွဲနိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ်။ နာကျင်အချိန်ပိုမှာတော့ အိမ်ရှင်တွေအတွက် လူစားဝင်ကစားသမားအယ်လ်ဖွန်ဆိုဒေးဗီးစ်က အဖိုးတန်ချေပဂိုးကို ခဲရာခဲဆစ်သွင်းယူပေးခဲ့ပါတယ်။ ဒီချေပဂိုးကြောင့်ပဲ ဘိုင်ယန်မြူးနစ်က ဆဲလ်တစ်ကို နှစ်ကျော့ပေါင်းရလဒ် ၃-၂ ဂိုးဖြင့် အနိုင်ယူကာ ချန်ပီယံလိဂ် ၁၆-သင်းရှုံးထွက်အဆင့်ဆီ တက်လှမ်းနိုင်ခဲ့ပါတယ်။

အခြားပွဲစဉ်ရလဒ်များ
------------------
အေစီမီလန် ၁-၁ ဖီယင်နော့ (နှစ်ကျော့ပေါင်းရလဒ် ၁-၂ ဂိုးဖြင့် ဖီယင်နော့ နောက်တစ်ဆင့်တက်)
ဘင်ဖီကာ ၃-၃ မိုနာကို (နှစ်ကျော့ပေါင်းရလဒ် ၄-၃ ဂိုးဖြင့် ဘင်ဖီကာ နောက်တစ်ဆင့်တက်)
အတ္တလန္တာ ၁-၃ ဘရုဂျက် (နှစ်ကျော့ပေါင်းရလဒ် ၂-၅ ဂိုးဖြင် ဘရုဂျက် နောက်တစ်ဆင့်တက်)