The network connection is lost.

Banner Image

ရက်ရှ်ဖို့ဒ်ကိုခေါ်ယူဖို့ ကြိုးစားလာတဲ့ အက်စတွန်ဗီလာ

အက်စတွန်ဗီလာဟာ ပြိုင်ဘက်ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာယူနိုက်တက်တောင်ပံကစားသမား မားကပ်စ်ရက်ရှ်ဖို့ဒ်ကို ခေါ်ယူနိုင်ဖို့ ကြိုးစားနေပြီလို့ သတင်းတွေကဖော်ပြလာခဲ့ပါတယ်။ 
တိုက်စစ်မှူး ဂျွန်ဒူရန်ကို ဆော်ဒီကလပ် အယ်လ်နာဆာသို့ ယူရို ၇၇ သန်းနဲ့ရောင်းချခဲ့တဲ့ အက်စတွန်ဗီလာဟာ လက်ရှိအချိန်မှာ ဘဏ္ဍာရေးအင်အားတောင့်တင်းနေတာကြောင့် ရက်ရှ်ဖို့ဒ်ကို ဒူရန်နေရာမှာ အစားထိုးဖို့ ပစ်မှတ်ထားလာခဲ့တာဖြစ်ပါတယ်။ အင်္ဂလန်သားအနေနဲ့ ဘာစီလိုနာသို့ပြောင်းရွှေ့နိုင်ဖို့ စိတ်အားထက်သန်နေပေမယ့် အူနိုင်းအမ်မရီက သူ့အနေနဲ့ ကစားသမားကို ယခင်ခြေစွမ်းအတိုင်းပြန်လည်ရရှိအောင် အကူအညီပေးသွားနိုင်မယ်လို့ ယုံကြည်ထားတယ်လို့သိရပါတယ်။
လက်ရှိအချိန်အထိတော့ အက်စတွန်ဗီလာဘက်က ရက်ရှ်ဖို့ဒ်ကို ခေါ်ယူဖို့ တရားဝင်ကမ်းလှမ်းမှုပြုလုပ်ထားခြင်းမရှိသေးတာကြောင့် အသက်-၂၇ နှစ်အရွယ်ကစားသမားရဲ့ အနာဂတ်ဟာ သေချာရေရာတဲ့အခြေအနေမှာမရှိသေးပါဘူး။ ဘာစီလိုနာအနေနဲ့ အသင်းရဲ့ဘဏ္ဍာရေးပြဿနာတွေကြောင့် ရက်ရှ်ဖို့ဒ်ကို အငှားစာချုပ်နဲ့ခေါ်ယူဖို့ပင် ခက်ခဲနေတာဖြစ်ပါတယ်။ 
ရက်ရှ်ဖို့ဒ်ဟာ တစ်ပတ်လုပ်ခ ပေါင် ၃ သိန်း ၂ သောင်းကျော်အထိ ရရှိနေတဲ့ကစားသမားဖြစ်ပြီး ဘာစီလိုနာအနေနဲ့ အဆိုပါလုပ်ခလစာကို အပြည့်အဝပေးချေနိုင်ဖို့ အတော်လေးရုန်းကန်သွားရမှာဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ အင်္ဂလန်သားကလည်း သူ့အနေနဲ့ ဘာစီလိုနာသို့သာပြောင်းရွှေ့ခွင့်ရမယ်ဆိုရင် လစာကို လျှော့ယူသွားဖို့ ဆန္ဒရှိနေတယ်လို့လည်း သတင်းတွေကဖော်ပြထားပါတယ်။ 
အက်စတွန်ဗီလာအနေနဲ့ ဗဟိုတိုက်စစ်မှူး စစ်စစ်ကိုအလိုရှိနေတာကြောင့် ရက်ရှ်ဖို့ဒ်ကိုခေါ်ယူနိုင်ဖို့ အပြည့်အဝ အာရုံစိုက်ထားခြင်းမရှိဘူးလို့လည်း သိရပါတယ်။ အူနိုင်းအမ်မရီရဲ့အသင်းဟာ တိုက်စစ်ပိုင်းလိုအပ်ချက်အတွက် ချဲလ်ဆီးတိုက်စစ်မှူး ဂျာအိုဖီးလစ်ဇ်နဲ့ ပီအက်စ်ဂျီတောင်ပံကစားသမား မာကိုအဆန်ဆီရိုတို့ကိုလည်း အလားအလာရှိတဲ့ အပြောင်းအရွှေ့ပစ်မှတ်တွေအဖြစ် ရှုမြင်ထားတာဖြစ်ပါတယ်။ 
ရက်ရှ်ဖို့ဒ်ကို ပြိုင်ဘက်ပရီးမီးယားလိဂ်ကလပ်တွေသာ ဥရောပထိပ်သီးကလပ်တွေဖြစ်တဲ့ အေစီမီလန်၊ ဂျူဗင်တပ်စ်နဲ့ ဒေါ့မွန်တို့ကလည်း စောင့်ကြည့်နေကြတာဖြစ်ပါတယ်။ ဒါကြောင့် ကစားသမားအနေနဲ့ အိုးလ်ထရက်ဖို့ဒ်ကနေထွက်ခွာပြီး ဘယ်အသင်းမှာ ကစားသမားဘဝစိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်သွားမလဲ အပြောင်းအရွှေ့ကာလ မကုန်ဆုံးခင်အချိန်အထိ စောင့်ကြည့်သွားရဦးမှာဖြစ်ပါတယ်။