
ဒုတိယပိုင်း comebackနဲ့အတူ ချန်ပီယံလိဂ်အုပ်စုအဆင့်ကနေ တက်ရောက်နိုင်ခဲ့တဲ့ မန်စီးတီး
မန်စီးတီး ၃ - ၁ ဘရုဂျက် (ပွဲပြီးရလဒ်)
မန်စီးတီးဟာ ပထမပိုင်းအတွင်း တိုက်စစ်ပိုင်း ရုန်းကန်ခဲ့ရပေမယ့် ဒုတိယပိုင်းအစမှာ ဆာဗင်ဟို ဝင်လာခဲ့ပြီးနောက် တိုက်စစ်အစွမ်းပြကာ ဂိုးပြတ်နိုင်ပွဲတစ်ခုကို ပြန်လည်ရယူသွားနိုင်ခဲ့ပါတယ်။
ပထမပိုင်းမှာ တိုင်ပတ်နေတဲ့ ဂမ်ဒိုဂန်ကို ဆာဗင်ဟိုနဲ့ လူစားလဲခဲ့တဲ့ ဂွါဒီယိုလာရဲ့ဆုံးဖြတ်ချက်မှန်ကန်မှုကြောင့် တောင်ပံတွေမှာ နေရာလွတ်တွေရလာပြီး မန်စီးတီးတို့ နောက်တစ်ဆင့်တက်ရောက်နိုင်ရေး သေချာစေမယ့် သွင်းဂိုးတွေကို သွင်းယူသွားနိုင်ခဲ့ပါတယ်။
ဘရုဂျက်ကတော့ ဒုတိယပိုင်းမှာ ကစားအားကျသွားခဲ့ပြီး မန်စီးတီးတိုက်စစ်တွေကို ဟန့်တားနိုင်စွမ်းမရှိတာကြောင့် ဂိုးပြတ်အရေးနိမ့်ခဲ့ရတာ ဖြစ်ပါတယ်။
ချန်ပီယံလိဂ် ၁၆သင်းအဆင့်ကို တက်ရောက်သွားသောအသင်းများ
============
လီဗာပူး၊ ဘာစီလိုနာ၊ အာဆင်နယ်၊ အင်တာမီလန်၊ အက်သလက်တီကို၊ လေဗာကူဆင်၊ လိုင်လီ၊ အက်စတွန်ဗီလာ
ချန်ပီယံလိဂ် ပလေးအော့ဖ်ရှုံးထွက်အဆင့်ကို တက်ရောက်သွားသောအသင်းများ
=====================
အတ္တလန္တာ၊ ဒေါ့မွန်၊ ဘိုင်ယန်မြူးနစ်၊ ရီးရဲလ်မက်ဒရစ်၊ အေစီမီလန်၊ ပီအက်စ်ဗွီ၊ ပီအက်စ်ဂျီ၊ ဘင်ဖီကာ၊ မိုနာကို၊ ဘရက်စ်၊ ဖီယင်နု၊ ဂျူဗင်တပ်စ်၊ ဆဲလ်တစ်၊ မန်စီးတီး၊ စပို့တင်းလစ္စဘွန်း၊ ဘရုဂျက်