The network connection is lost.

Banner Image

ကလော့ပ်ရဲ့နေရာအတွက် ဒီဇာဘီက သင့်လျော်တဲ့သူဖြစ်တယ်လို့ ယူဆနေတဲ့ ဒန်နီမာဖီ

ဘရိုက်တန်နည်းပြ ဒီဇာဘီဟာ လီဗာပူးနည်းပြအဖြစ် ကလော့ပ်ရဲ့နေရာကို ဆက်ခံရန်အတွက် ပြီးပြည့်စုံတဲ့ ရွေးချယ်မှုဖြစ်တယ်လို့ ဒန်နီမာဖီက ယူဆနေပါတယ်။

တနင်္ဂနွေနေ့က ဂျပန်ကို ၄-၁ ဂိုးဖြင့် အရှက်တကွဲ ရှုံးနိမ့်ခဲ့ပြီးနောက် ဟန်စီဖလစ်ဟာ နည်းပြချုပ်အဖြစ်မှ ထုတ်ပယ်ခံခဲ့ရပြီး ဂျာမန်လက်ရွေးစင်အသင်းမှ ထုတ်ပယ်ခံရတဲ့ ပထမဆုံးနည်းပြအဖြစ် သမိုင်းဝင်ခဲ့ပါတယ်။ ဒါကြောင့် အောက်တိုဘာလတွင် မာဆေးဆိုက်မှာရှိနေ ၈ နှစ်ပြည့်မြောက်မှာဖြစ်တဲ့ ကလော့ပ်အား လက်ရွေးစင်နည်းပြဖြစ်လာဖို့ အလားအလာရှိတဲ့သူအဖြစ် ဂျာမန်မီဒီယာတွေက ပြောကြားခဲ့ပါတယ်။

ကလော့ပ်ရဲ့ အေးဂျင့်က အဆိုပါပြောကြားချက်များကို ပယ်ချခဲ့ပြီး သူ့ရဲ့နည်းပြဟာ လီဗာပူးတွင် ၂၀၂၆ ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးကြောင်း ရှင်းရှင်းလင်းလင်းပြောခဲ့ပါတယ်။ သို့သော်လည်း လီဗာပူးနည်းပြနေရာအတွက် မည်သူဆက်ခံမယ်ဆိုတဲ့မေးခွန်းတွေက ပေါ်ထွက်နေပါတယ်။ ဒီတစ်ပတ်မှာ ထွက်ပေါ်နေတဲ့ သတင်းတွေအရ လီဗာပူးကစားသမားဟောင်း ဒန်နီမာဖီမှာ အဖြေရှိတယ်လို့ ထင်ပါတယ်။

"ကျွန်တော့်မှာ အဖြေရှိပါတယ်။ ဒါကြောင့် ကလော့ပ် ထွက်သွားမှာကို စိတ်မပူပါဘူး။ ဒီဇာဘီက ပြီးပြည့်စုံတယ်လို့ ကျွန်တော်ထင်ပါတယ်။ အချိန်ကျလာတဲ့အခါ တာဝန်ယူဖို့ အဆင်သင့်ဖြစ်ပါလိမ့်မယ်။ ဘရိုက်တန်နဲ့ ဒီလိဂ်မှာ သူ့ရဲလုပ်ဆောင်မှုအကောင်းဆုံး သင်ယူနေပြီး ကောင်းကောင်းကြီးလုပ်နေတယ်။ သူ့ထက် ပိုကောင်းတဲ့ အစားထိုးမယ့်သူကို မတွေ့မိပါဘူး" "ဘောလုံးလောကရဲ့ အပြောင်းအလဲတွေက တကယ်ကို မြန်ဆန်လွန်းပါတယ်။ ဒါပေမယ့် ဒီဇာဘီက ပိုကောင်းမယ့်သူလို့ ကျွန်တော်ထင်ပါတယ်။ သူနဲ့တွေ့ပြီးရင် ကျွန်တော်ပြောနိုင်တာက သူ့မှာ တကယ့် စွဲဆောင်မှုရှိပါတယ်။ ပြီးတော့ သူ့အသင်းရဲ့ ကစားပုံကိုလည်း ကျွန်တော် သဘောကျပါတယ်" "ဒါပေမယ့် ကလော့ပ်အနေဲ့သွားဖို့ အချိန်ရောက်ပြီလို့ မမြင်မိသေးပါဘူး။ သူက ကစားသမားသစ်တွေရရှိထားပြီး ရာသီအစမှာ အလားအလာရှိတဲ့ ကစားသမားသစ်တချို့ရဲ့ စတင်မှုကို စိတ်အားထက်သန်နေပုံရပါတယ်" လို့ မာဖီက ပြောပါတယ်။

ချဲလ်ဆီးသို့ပြောင်းရွှေ့သွားတဲ့ ပေါ်တာရဲ့နေရာကို ရယူဖို့ AMEX ကွင်းသို့မပြောင်းရွှေ့မီ ဒီဇာဘီဟာ ယူကရိန်းက အသင်းကြီးဖြစ်တဲ့ ရှက်တာဒိုးနက်မှာရှိခဲ့တာပါ။ ဒီဇာဘီဟာ ပရီးမီးယားလိဂ်သို့ပြောင်းရွှေ့ခဲ့ပြီး ဘရိုက်တန်ကို ပြီးခဲ့သည့်ရာသီက ယူရိုပါလိဂ်သို့ ပို့ဆောင်ပေးခဲ့ပါတယ်။

ကလော့ပ်ဟာ လီဗာပူးကနေ  မကြာမီအချိန်မရွေး ရာထူးမှ နှုတ်ထွက်နိုင်ဖွယ်ရှိနေသော်လည်း အနည်းဆုံးတော့ သူ့ရဲ့လက်ရှိစာချုပ်က ၂၀၂၆ ခုနှစ် ကုန်ဆုံးသည်အထိ ဖြစ်ပါတယ်။