The network connection is lost.

Banner Image

ဂွါဒီယိုလာနှင့် စကားပြောခဲ့တဲ့ ပယ်လ်မာကို ဝေဖန်လိုက်တဲ့ နဗီးလ်

ချဲလ်ဆီးရဲ့ မန်စီးတီးအား ၃-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့တဲ့ပွဲအပြီးမှာ ဂွါဒီယိုလာနှင့် စကားပြောခဲ့တဲ့ ပယ်လ်မာတစ်ယောက်ကတော့ နဗီးလ်ရဲ့ ဝေဖန်ခြင်းကို ခံလိုက်ရပြီဖြစ်ပါတယ်။ စနေ့ကပွဲရဲ့ ၃ မိနစ်တွင် မာဒူကီက ဦးဆောင်ဂိုးကို သွင်းယူခဲ့ပြီးနောက် ချဲလ်ဆီးဟာ သူတို့ရဲ့ပြိုင်ဘက်ကို ချန်ပီယံလိဂ်ဝင်ခွင့်နေရာအတွက် ၅ မှတ်ဖြတ်ဖို့အတွက် အခွင့်အရေးရရှိခဲ့ပါတယ်။

သို့သော်လည်း ဂျီဗာဒီအော၊ ဟာလန်းနှင့် ဖိုဒန်တို့ရဲ့ သွင်းဂိုးများကြောင့် မန်စီးတီးရဲ့ ထိပ်ဆုံး ၄ သင်းအတွက် မဖြစ်မနေ နိုင်ပွဲရရှိရမယ့်ပွဲကို အနိုင်ရရှိခဲ့ပါတယ်။ မာရက်စ်ကာရဲ့လက်အောက် ပထမဆုံးအဝေးကွင်း ၈ ပွဲတွင် ၆ ပွဲ အနိုင်ရရှိထားတဲ့ ချဲလ်ဆီးဟာ ၄ ပွဲဆက် နိုင်ပွဲမရရှိခဲ့ပါဘူး။

အသင်းရဲ့စတားကစားသမားဖြစ်သူ ပါလ်မာကလည်း ငြိမ်သက်နေခဲ့ပြီး ဂိုးကန်သွင်းချက် ၁ ကြိမ် ဂိုးဖန်တီးမှု ၁ ကြိမ် သာရှိခဲ့ကာ ပြိုင်ဘက်ရဲ့ဂိုးဧရိယာအတွင်း ဘောလုံးပေးပို့မှုက ၁၄ ကြိမ်သာ ရှိခဲ့ပါတယ်။ အကယ်ဒမီကနေ ထွက်ခဲ့ပြီးနောက် ၂၀၂၃ ခုနှစ်တွင် သူ့ကို ပုံမှန်ပွဲထွက်ခွင့် မပေးခဲ့တဲ့ ဂွါဒီယိုလာနှင့် ပယ်လ်မာက ပွဲအပြီးမှာ စကားပြောခဲ့ပြီး ဒါဟာ ချဲလ်ဆိးပရိသတ်တွေအဖို့ ဒေါသထွက်စရာဖြစ်ပါတယ်။

"ကျွန်တော် ပယ်လ်မာအကြောင်း နည်းနည်းလောက် ပြောချင်ပါတယ်။ ပွဲအပြီးမှာ သူက ဂွါဒီယိုလာနဲ့ ပြုံးရွင်ပြီး စကားပြောခဲ့တာဖြစ်ပါတယ်။ ဂွါဒီယိုလာကလည်း အဲ့ဒီလိုပါပဲ" "ကိုးလ်ရေ မင်းက ဒီမှာကစားခဲ့တာပါ၊ ဒုတိယပိုင်းမှာတော့ ကောင်းကောင်းမလုပ်နိုင်ခဲ့ဘူး" "သူက အံ့ဖွယ်ကစားသမားပါ။ အရမ်းလည်းတော်ပါတယ်။ သို့သော်လည်း ချဲလ်ဆီးပရိသတ်တွေကတော့ ဒီနေ့မှာ ခရီးနှင်ခဲ့ရတာပါ"

"ပွဲအပြီးမှာ ပြုံးရွင်ပြီး ပြိုင်ဘက်နည်းပြနဲ့ စကားပြောနေတာကို သူတို့တွေ မြင်ချင်မှာ မဟုတ်ပါဘူး။ ငါလည်း ဒီက ကစားသမားဟောင်းမဟုတ်ပါဘူး။ သို့သော်လည်း ဒီအကြောင်းတွေတော့ ရှိနေပါတယ်" "ဂွါဒီယိုလာက မင်းကို ဒီမှာသုံးဖူးပါတယ်။ မင်းကို သူကနည်းပြဖူးတာကို ငါသိပါတယ်။ သို့သော်လည်း ပွဲထွက်ခွင့် ကောင်းကောင်းမပေးဘဲ ရောင်းချခဲ့တာပါ"

"ကွင်းထဲမှာ စကားပြောနေတာကတော့ လုံးဝမမိုက်ပါဘူး။ ဒီနေ့ အဝေးကွင်းမျာ ၃-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီး ပါလ်မာအတွက်လည်း စိတ်ပျက်စရာပါ။ သူ့ဆီက‌နေ ဒီထက်ပိုပြီး မျှော်လင့်မိပါတယ်" လို့ နဗီးလ်က ပြောပါတယ်။