The network connection is lost.

Banner Image

ယူနိုက်တက်နှင့် သတင်းတွေ ထွက်နေသော်လည်း အနာဂတ်နှင့် ပတ်သက်ပြီး နှုတ်ဆိတ်နေတဲ့ ဇာဗီဆိုင်မွန်

ပီအက်စ်ဂျီကြယ်ပွင့် ဇာဗီဆိုင်မွန်ဟာ နွေရာသီအပြောင်းအရွှေ့တွင် ယူနိုက်တက်သို့ ပြောင်းရွှေ့မယ်လို့ သတင်းများ ထွက်ပေါ်နေချိန်တွင် သူ့ရဲ့အနာဂတ်နှင့် ပတ်သက်ပြီး နှုတ်ဆိက်နေတာဖြစ်ပါတယ်။

တောင်ပံကစားသမားဟာ ပြီးခဲ့တဲ့ရာသီက လိုက်ပ်ဇစ်မှာ အငှားသွားရောက်ကစားစဉ် အထင်ကြီးလောက်စရာ သွင်းဂိုး ၁၀ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁၅ ကြိမ်ပြုလုပ်ခဲ့ပြီး အာဆင်နယ်နဲ့ လီဗာပူးအပါအဝင် ပရီးမီးယားလိဂ်ကလပ်တော်တော်များများရဲ့ စိတ်ဝင်စားမှုကို ခံနေရတယ်လို့ သိရပါတယ်။ သူနဲ့ ပီအက်စ်ဂျီရဲ့ စာချုပ်တွင် ၃ နှစ်ကျန်သေးပါတယ်။

ပြီးခဲ့တဲ့နွေရာသီက ပီအက်စ်ဗွီထံမှ ပြန်ဝယ်ခွင့်ပါရှိတဲ့ စာချုပ်ဖြင့် ပြန်ရောက်လာပြီးနောက် လိုက်ပ်ဇစ်ထံအငှားသွားရောက်ကစားနေတဲ့ ဆိုင်မွန်ဟာ ပြင်သစ်ကလပ်အတွက် ပွဲထွက်ထားရခြင်းမရှိသေးပါဘူး။ သောကြာနေ့က နယ်သာလန်ရဲ့ ပြင်သစ်နှင့် ဂိုးမရှိ သရေကျခဲ့တဲ့ပွဲတွင် ကစားခဲ့ပြီး အနာဂတ်နှင့်ပတ်သက်တဲ့ ကောလာဟလများ ပျံ့နှံ့နေတဲ့အတွက် ပွဲအပြီးတွင် သတင်းထောက်များရဲ့ မေးမြန်းခြင်းကို အသက် ၂၁ နှစ်အရွယ် ကစားသမားက ခံခဲ့ရပါတယ်။

အပြောင်းအရွှေ့ကိစ္စနှင့် အနာဂတ်နဲ့ ပတ်သက်ပြီး ဆိုင်မွန်က "ပဲရစ်မှာ ကျွန်တော် ပျော်ခဲ့ပါတယ်။ အဖြစ်အပျက်တွေအများကြီး ဖြစ်ခဲ့ပါတယ်။ အခု ကျွန်တော် ဒီနှစ်လိုက်ပ်ဇစ်မှာ ရှိနေပါပြီ။ ယူရိုပြိုင်ပွဲ အပြီးမှာ မြင်တွေ့ရမှာပါ" လို့ ဖြေပါတယ်။

ယူနိုက်တက်ဟာ ယခုနွေရာသီတွင် အခြားကစားသမားများစွာနှင့် ချိတ်ဆက်ထားပြီး အထူးသဖြင့် မိုက်ကယ်အိုလီဆီကို ခေါ်ယူဖို့ ချိတ်ဆက်နေတာဖြစ်ပါတယ်။ ဒါပေမယ့် ဘိုင်ယန်မြူးနစ်နဲ့ သဘောတူညီမှုရဖို့ နီးစပ်နေပြီလို့ ယူဆထားတဲ့ ခရစ္စတယ်ပဲလေ့စ်ကြယ်ပွင့်ကို ဆုံးရှုံးရလိမ့်မယ်လို့ ထင်ပါတယ်။

ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်ရဲ့အမြတ်အစွန်းနှင့် ရေရှည်တည်တံ့မှုစည်းမျဉ်းများအတွင်း တင်းကျပ်သောဘဏ္ဍာရေးကန့်သတ်ချက်များရှိနေတာကြောင့် ယခုနွေရာသီတွင် ဘတ်ဂျက်နည်းပါးစွာဖြင့် လုပ်ဆောင်နေရတာဖြစ်ပါတယ်။ ယူနိုက်တက်က သူတို့ရဲ့ ပစ်မှတ်တွေအားလုံးကို ဝယ်ယူဖို့ဆိုရင် လက်ရှိကစားသမားတွေကို ရောင်းထုတ်ရဖွယ်ရှိနေပါတယ်။

အဲရစ်တန်ဟက်က နောက်တန်း ကွင်းလယ်နဲ့ တိုက်စစ်နေရာအတွက် တစ်ဦးစီကို ခေါ်ယူဖို့ စိတ်အားထက်သန်နေပါတယ်။ ဗဟိုခံစစ်ကစားသမား ဗာရာနီတိုက်စစ်မှူး မာရှယ်တို့က ယခုလတွင် ထွက်ခွာမှာဖြစ်ပြီး ကက်စ်မဲရိုးကလည်း အသင်းကနေ ထွက်ခွာဖို့ရှိနေတာဖြစ်ပါတယ်။