The network connection is lost.

Banner Image

ဘော်လွန်းဒီအော်ကြေးတံဆိပ်ဆုနဲ့ ထိုက်တန်ကြောင်း ထုတ်ဖော်ပြောကြားလာတဲ့ ဇာဗီ

ဘာစီလိုနာဂန္ထဝင်ဟောင်း ဇာဗီက မိမိအနေနဲ့ ဘော်လွန်းဒီအော်ဆုစာရင်းမှာ တတိယနေရာ ၃ ကြိမ်ဆက်ရပ်တည်ခဲ့တာကြောင့် ဘော်လွန်းဒီအော်ကြေးတံဆိပ်ဆုနဲ့ထိုက်တန်ကြောင်း ယုံကြည်နေပါတယ်။ ပြီးခဲ့တဲ့အင်တာဗျူးတွေတုန်းက ဘာစီလိုနာကွင်းလယ်လူဟောင်း ဇာဗီက သူ့အနေနဲ့ ဂွါဒီယိုလာလက်အောက်မှာ အသင်းကိုအကျိုးပြုနိုင်ခဲ့သလို အနည်းဆုံးတော့ ဘော်လွန်းဒီအော်ကြေးတံဆိပ်ဆုနဲ့ ထိုက်တန်တယ်လို့ ဖြေကြားခဲ့ပါတယ်။

စပိန်သားဟာ ဘာစီလိုနာအသင်းရဲ့အဓိကကစားသမားတစ်ဦးဖြစ်ခဲ့သလို ဘော်လွန်းဒီအော်ဆုစာရင်းမှာ ၂၀၀၉ ကနေ ၂၀၁၁ အထိ ၃ နှစ်ဆက် တတိယနေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။ ဇာဗီက မက်ဆီ နဲ့ ရော်နယ်ဒိုတို့ဟာ အဲ့အချိန်တုန်းက နောက်တစ်ဆင့်မှာရှိနေတာကြောင့် သူ့အနေနဲ့ မကျော်ဖြတ်နိုင်ခဲ့လို့ ဝန်ခံပြောကြားခဲ့ပါတယ်။၂၀၀၉ တုန်းက ဇာဗီဟာ မက်ဆီရဲ့နောက်မှာသာရပ်တည်နိုင်ခဲ့ပြီး အဲ့နောက် ၂၀၁၀ မှာလည်း တတိယနေရာ နဲ့ ၂၀၁၁ မှာလည်း တတိယနေရာမှာသာ ရပ်တည်နိုင်ခဲ့ပါတယ်။

“တစ်ခုတည်းသောအရာဆိုရင် ကျွန်တော် ဘော်လွန်းဒီအော်ကြေးတံဆိပ်ဆုလိုချင်ပါတယ်။ ၃ ကြိမ်စလုံးမှာ ကျွန်တော်တတိယနေရာမှာရပ်တည်နိုင်ခဲ့ပါတယ်။ ၂၀၀၈ ကနေ ၂၀၁၂ အထိမှာ ၂ ကြိမ်က အဆင့် ၄ နဲ့ ၅ မှာရပ်တည်နိုင်ခဲ့ပါတယ်။ ကျွန်တော့်ကိုယ်ကျွန်တော် မက်ဆီ နဲ့ ရော်နယ်ဒိုတို့ထက် ပိုကောင်းတယ်လို့ မဆိုလိုပါဘူး။ အဲ့နှစ်တွေမှာ ကျွန်တော်က အများကြီးစွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ ဘာစီလိုနာအသင်းရဲ့ကွင်းလယ်မှာ အသက်သွေးကြောဖြစ်ခဲ့ပါတယ်။ အဲ့လိုသမိုင်းမှတ်တိုင်တွေစိုက်ထူနိုင်ခဲ့လို့လည်း ကျွန်တော်အရမ်းဂုဏ်ယူမိပါတယ်။ မက်ဆီ ၊ အင်နီယေစတာတို့နဲ့ သမိုင်းဝင်ဓာတ်ပုံတွေရှိခဲ့ပါတယ်။ အဲ့တာက အံ့ဖွယ်ပါ။ ကျွန်တော့်အိပ်မက်တွေကျော်လွန်ခဲ့ပါတယ်”လို့ ဇာဗီက ဖြေကြားခဲ့ပါတယ်။

ဘာစီလိုနာကနေထွက်ခွာပြီးကတည်းက ဇာဗီကို တော့တင်ဟမ်အပါအဝင် အသင်းတော်တော်များများက ချိတ်ဆက်နေပါတယ်။ မတ်လတုန်းက ပြင်သစ်ဘောလုံးသတင်းဌာနနဲ့အင်တာဗျူးမှာ ဇာဗီက အနာဂတ်မှာ နောက်ထပ်လာလီဂါအသင်းတစ်သင်းကိုကိုင်တွယ်ချင်တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။