လက်စတာကို ရှုံးနိမ့်ပြီးနောက် တော့တင်ဟမ်နည်းပြရာထူးက လုံခြုံသေချာမှုမရှိကြောင်း ဝန်ခံလိုက်တဲ့ ပိုစတီကိုဂလူ
အိမ်ကွင်းမှာ လက်စတာကို ရှုံးနိမ့်ခဲ့ပြီးနောက် တော့တင်ဟမ်နည်းပြရာထူးကနေ ထုတ်ပယ်ခြင်းခံရဖို့ သူက ထိုက်တန်တယ်လို့ ပရိသတ်တွေက တွေးနေမယ်လိုရင်လည်း သူကလက်ခံပါတယ်လို့ ပြောကြားလိုက်ပါတယ်။ ရစ်ချာလီဆန်က ဂိုးဆောင်ဂိုးသွင်းယူခဲ့ပေမယ့် ဗာဒီနှင့် ဘီလယ်အီခန်နိုရက်စ်တို့ရဲ့ ဂိုးများကြောင့် တော့တင်ဟမ်ဟာ လက်စတာကို အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့ပြီး ပရီးမီးယားလိဂ်မှာ ၄ ပွဲဆက် ရှုံးပွဲကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။
တနင်္ဂနွေနေ့က ရှုံးပွဲကြောင့် တော့တင်ဟမ်ဟာ ထိပ်တန်းပွဲစဉ်တွေမှာ နိုင်ပွဲမရရှိတာက ၇ ပွဲအထိရှိလာခဲ့ပြီး ၂၀၀၈ ခုနှစ်နောက်ပိုင်း အရှည်ကြာဆုံးလည်းဖြစ်ခဲ့ပါတယ်။ ပိုစတီကိုဂလူရဲ့အသင်းနှင့်ကစားခဲ့တဲ့နောက်ဆုံးပွဲစဉ်တွေမှာ လက်စတာက ၇ ပွဲဆက် ရှုံးနိမ့်ထားခြင်းဟာလည်း နည်းပြအဖို့ ဖိအားတွေဖြစ်စေခဲ့ပါတယ်။
နည်းပြအဖြစ် ဆက်ရှိနေအုံးမလားလို့ ပွဲအပြီးတွင် မေးတဲ့အခါ နည်းပြက "မသိဘူးလို့ပြောတာက မျှတပါတယ် ဘယ်သူကရော သိမှာလဲ" လို့ ဖြေပါတယ်။သို့သော်လည်း နည်းပြကတော့ သူ့ရဲ့ကစားသမားတွေဘက်ကနေ ကာကွယ်ပြီး ဖြေကြားမှုတွေလုပ်သွားခဲ့ပါတယ်။ "ဘောလုံးအသင်းတစ်ခုရဲ့နည်းပြဖြစ်မယ်ဆိုရင် လုံးဝကိုအားနည်းချက်ရှိပြီး သီးခြားဖြစ်သွားမှာပါ။ ကျွန်တော်ကတော့ အဲ့ဒီလိုမခံစားမိပါဘူး"
"အသင်းရှိကစားသမားတွေအားလုံးက လုံးဝကိုပေးဆပ်ပြီး ကစားပေးနေကြတာပါ။ အဲ့ဒီအပေါ်ပဲ ကျွန်တော် အာရုံစိုက်ထားပါတယ်" "ဒါက တော်တော်လေးကို နာကျင်ခံစားရပါတဘ်။ ကစားသမားတွေက အားလုံးပေးဆပ်ပြီး ကစားခဲ့ကြတာပါ" လို့ နည်းပြက ပြောပါတယ်။
တော့တင်ဟမ်ဟာ ပရီးမီးယားလိဂ်ရဲ့ ပြီးခဲ့တဲ့ ၁၁ ပွဲတွင် ၁ ပွဲသာ အနိုင်ရရှိခဲပြီးနောက် တန်းဆင်းဇုန်ရဲ့အထက် ၈ မှတ်အကွာ အမှတ်ပေးဇယားရဲ့အဆင့် ၁၅ နေရာမှာရှိပါတယ်။ ကာရာဘောင်ဖလား ဆီမီးဖိုင်နယ် ပထမအကျော့မှာ လီဗာပူးကို ၁-၀ ဂိုးဖြင့် အနိုင်ရရှိထားပေမယ့် အသင်းမှာ ဒဏ်ရာရ ကစားသမားတွေက များနေတာဖြစ်ပါတယ်။
"လူတွေကို စည်းရုံးပြောဆိုဖို့ဆိုတာကလည်း ကျွန်တော့်အတွက် ဖြစ်လာမှာမဟုတ်ပါဘူး။ လက်ရှိကျွန်တော်တို့က လုံလောက်တဲ့ကောင်းမွန်မှုမရှိနေတာဖြစ်ပြီး ဘယ်နေရာမှာရှိနေသလဲဆိုတဲ့အပေါ် သူတွေက ဆုံးဖြတ်ကြမှာပါ" "လာမယ့် ၁၀ ရက်အတွင်းမှာ အသင်းအတွက် ကစားသမားအချို့ပြန်ကစားပေးနိုင်ကြမှာပါ။ ဒါတွေကနေ သက်ရောက်မှုရှိအောင်လုပ်ဖို့ ကျွန်တော်တို့မှာ အခွင့်အလမ်းတွေရှိပါတယ် ဒါကသေချာပါတယ်" လို့ နည်းပြက ပြောပါတယ်။