စနေနေ့က ပဲလေ့စ်ကို ၃-၁ ဂိုးဖြင့် တော့တင်ဟမ်ရဲ့ အနိုင်ရရှိမှုတွင် ချန်ပီယံလိဂ်ဝင်ခွင့် အတွက် အရေးပါတဲ့ အနိုင် ၃ မှတ်ရယူနိုင်ခဲ့ပြီးနောက် ဝါနာက ပြောကြားလိုက်ပါတယ်။ ရစ်ချာလီဆင် ဒဏ်ရာကြောင့် မပါဝင်နိုင်ခဲ့တဲ့ တိုက်စစ်မှာ ဂျာမန်သားက ပွဲထွက်လာခဲ့ပြီး ပထမပိုင်းမှာကတည်းက ဆွန်ဟောင်မင်ရဲ့ ပေးပို့မှုကနေ ဂိုးသွင်းယူနိုင်ခဲ့သင့်ပါတယ်။
ပွဲကစားချိန် ၁၃ မိနစ်မှာ ဝါနာက အနီးကပ်ပိတ်သွင်းခွင့် ရရှိခဲ့သော်လည်း ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့ပါဘူး။ ဒါပေမဲ့ သူ့ရဲ့ချေပဂိုးက ပွဲရဲ့အလှည့်အပြောင်း ဖြစ်ခဲ့ပြီး ဝါနာရဲ့ သွင်းဂိုးအပြိး ၃ မိနစ် အကြာတွင် ရိုမဲရိုးက ခေါင်းတိုက်သွင်းယူခဲ့သလို ၈၈ မိနစ်တွင် ဆွန်ဟောင်မင်က အနိုင်သေချာစေမယ့်ဂိုးကိုပါ သွင်းယူပေးခဲ့ပါတယ်။
ဇန်နဝါရီအစတွင် လိုက်ပ်ဇစ်မှ အငှားဖြင့်ပြောင်းရွှေ့လာပြီးနောက် ပြိုင်ဘက်ရဲ့ ဂိုးဧရိယာအတွင်းမှာ တော့တင်ဟမ်အတွက် အကျိုးသက်ရောက်မှုဖြစ်စေခဲ့တဲ့ အသက် ၂၇ နှစ်အရွယ် ကစားသမားဟာ လက်ကျန်ရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိဖို့ တော့တင်ဟမ်အတွက် အဓိကအခန်းကဏ္ဍမှ ပါဝင်နိုင်နေတာဖြစ်ပါတယ်။
မြောက်လန်ဒန်ကို ပြောင်းရွှေ့ကတည်းက ၇ ပွဲကစားထားတဲ့ ဝါနာက အူဒိုဂီ၊ မက်ဒီဆင်၊ ရစ်ချာလီဆန်နှင့် ဆွန်ဟောင်မင် တို့ကဲ့သို့ ကစားသမားများနှင့် လက်တွဲလုပ်ဆောင်မှုဟာ ပိုမိုကောင်းမွန်လာတယ်လို့ အမြဲတမ်းယုံကြည်နေပါတယ်။
"အသင်းက ကျွန်တော့်ကို ကစားသမားတစ်ယောက် အနေနဲ့ နားလည်လာနေပြီလို့ ထင်ပါတယ်။ အထူးသဖြင့် ဘယ်ဘက်မှာ အူဒိုဂီနဲ့ ချိတ်ဆက်မှုက ပိုကောင်းလာပြီး မက်ဒီဆင်နဲ့လည်း နံပါတ် ၁၀ အဖြစ် ကစားမှုတွင် သူက ကျွန်တော့်ကို အမြဲရှာနေပါတယ်" "ဆန်ဟောင်မင်က ရစ်ချားလီဆန်ထက် ကွဲပြားတဲ့ ကစားသမားတစ်ယောက်လို့ ထင်ပါတယ်။ သူတို့နှစ်ယောက်လုံးနဲ့ ချိတ်ဆက်မှုက ပိုကောင်းလာတယ်။ ဒါကြောင့် ဒီအသင်းမှာ ကစားရတာ ပိုအဆင်ပြေသလို ကွင်းထဲမှာလည်း ပိုပါဝင်လာတယ်လို့ ကျွန်တော်ထင်ပါတယ်"လို့ ဂျာမန်သားက တော့တင်ဟမ်ရဲ့ပွဲအပြီး SPURSPLAY တွင် ပြောကြားခဲ့ပါတယ်။
စနေနေ့က အသင်းအတွက် သူ့ရဲ့ပထမဆုံးဂိုးကို သွင်းယူပေးခဲ့တဲ့ ကစားသမားအတွက် အထူးအခိုက်အတန့်ဖြစ်ခဲ့သော်လည်း ကံမကောင်းတာကတော့ အောင်ပွဲခံဖို့အတွက် ကွင်းရဲ့ထောင့်သို့ ပြေးထွက်သွားတဲ့အချိန် အသင်းဖော်တွေက လိုက်ပါလာခြင်းမရှိဘဲ ပွဲပြန်စဖို့အတွက်သာ အာရုံစိုက်နေခဲ့ကြတာဖြစ်ပါတယ်။
"အထူးသဖြင့် ပထမပိုင်းအပြီးမှာ ကျွန်တော် ဒီအခွင့်အရေးကြီးကို လွဲချော်ခဲ့ရလို့ အရမ်းပျော်ပါတယ်" လို့ ဝါနာက သူ့ရဲ့ဂိုးနဲ့ ပတ်သက်ပြီး ပြောကြားခဲ့ပါတယ်။ "ဂျာမနီမှာ ကျွန်တော်ပြောသလိုပါပဲ တော်တော်များများက ကျွန်တော့်အပေါ် မူတည်သွားခဲ့တာပါ။ ကွင်းထဲမှာ ကျွန်တော့်ရဲ့ ပထမဆုံးဂိုးကို သွင်းယူနိုင်ခဲ့တဲ့ ဒီအခိုက်အတန့်ကို ကျွန်တော် နှစ်သက်ပါတယ်" "ကျွန်တော် အောင်ပွဲခံချင်ပေမယ့် ဘယ်သူမှ လိုက်မလာဘူးဆိုတာ သိလိုက်ရတော့ ၁-၁ ဂိုးဖြစ်နေတဲ့အတွက် လုပ်စရာရှိသေးတယ်လို့ သဘောပေါက်လိုက်ပြီး နောက်ထပ် ဂိုးရဖို့ ကြိုးစားဖို့ ကွင်းရဲ့အလယ်သလို့ တန်းပြီးပြန်သွားခဲ့တယ်။ ဟုတ်ပါတယ်။ ဒီအခိုက်အတန့်မှာ ကျွန်တော် အရမ်းပျော်ခဲ့ပါတယ်"လို့ ဝါနာက ပြောပါတယ်။