The network connection is lost.

Banner Image

အင်တာမီလန်ကို ကျော်ဖြတ်နိုင်မယ်လို့ အပြည့်အဝယုံကြည်နေတဲ့ ကွန်ပနီ

ဒီနေ့မနက်ပိုင်း၊ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်(ပထမအကျော့)ပွဲစဉ်အဖြစ် အင်တာမီလန်ကို ၂-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပေမယ့် ဘိုင်ယန်မြူးနစ်က အလှည့်အပြောင်းတွေနဲ့အတူ နောက်တစ်ဆင့်တက်ရောက်နိုင်မယ်လို့ နည်းပြကွန်ပနီ အပြည့်အဝယုံကြည်နေပါတယ်။ ဒါ့အပြင် ဂျာမန်ကလပ်နည်းပြက ပွဲချိန်အတွင်း အခွင့်အရေးကောင်းများစွာလွဲချော်ခဲ့မှုအတွက်လည်း စိတ်ပျက်လက်ပျက်ဖြစ်နေခဲ့ပါတယ်။

ပွဲစဉ်အပြီး ဘိုင်ယန်မြူးနစ်နည်းပြက သူ့ရဲ့အသင်းဟာ တခြားနေ့ရက်တစ်ခုမှာဆိုရင် အနိမ့်ဆုံး သုံးဂိုးထက်မနည်း သွင်းယူနိုင်လိမ့်မယ်လို့ ခံစားမိကြောင်း ပြောခဲ့ပါတယ်။ ကွန်ပနီက “ ဒီညမှာ ကျွန်တော်တို့တွေ ဂိုးသွင်းယူနိုင်မယ့်အခွင့်အလမ်း သုံးကြိမ်ထက်မနည်း ရရှိခဲ့ပါတယ်။ ပြိုင်ဘက်ရဲ့တိုက်စစ်ပိုင်းက အရည်အသွေးအပြည့်ရှိသလို အန္တရာယ်ပေးနိုင်တယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့အသင်းက ပိုအန္တရာယ်ပေးနိုင်ခဲ့ပြီး အခွင့်အရေးတွေလည်း ရရှိခဲ့ပါတယ်။ အင်တာမီလန်နဲ့အဝေးကွင်းပွဲစဉ်က ခက်ခဲမယ်ဆိုတာ သိပါတယ်။ ဒါပေမယ့် ဒဏ်ရာပြဿနာတွေကြောင့် ရှုံးပွဲတစ်ခုဖြစ်လာလိမ့်မယ်လို့တော့ မယူဆပါဘူး။ မီလန်မြေမှာလည်း ကျွန်တော်တို့အတွက် အခွင့်အရေးတွေ ရှိလာပါလိမ့်မယ်။

ကျွန်တော်တို့တွေ ရှုံးပွဲကြုံတွေ့ရတာကြောင့် ကျွန်တော့်ရဲ့ခံစားချက်(သို့)စောင့်ကြည့်နေတဲ့အရာတွေကိုပဲ ပြောနိုင်ပါလိမ့်မယ်။ ကျွန်တော်တို့အသင်း ဂိုးမသွင်းနိုင်ဘူးဆိုတဲ့ခံစားချက်မျိုး၊ ခြိမ်းခြောက်နိုင်စွမ်းမရှိဘူးဆိုတဲ့ခံစားချက်မျိုး လုံးဝမရှိပါဘူး။ နောက်ဆုံးအချိန်အထိ ကျွန်တော်တို့အတွက် အခွင့်အရေးတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် ပွဲပြီးရလဒ်ပိုင်းဆိုတာ အမြဲတမ်းမျှတနေတာမျိုး မဟုတ်ပါဘူး။

ဒါက လမ်းတစ်ဝက်ပဲ ရှိပါသေးတယ်။ ဘယ်အသင်းကမှ အရှုံးပေးလက်မြှောက်သွားဖို့ မရှိပါဘူး။ မီလန်မြေမှာလည်း ကျွန်တော်တို့အတွက် အခွင့်အလမ်းတွေရှိနေမယ်လို့ အပြည့်အဝယုံကြည်ထားပါတယ်”လို့ ပြောပါတယ်။