ဆီမီးဖိုင်နယ်မှာ အင်္ဂလန်နဲ့ရင်ဆိုင်ရမယ့်အပေါ် အမြင်ကို ပြောကြားလာတဲ့ ဗန်ဒိုက်
နယ်သာလန်အသင်းခေါင်းဆောင် ဗာဂျီဗန်ဒိုက်က ဆီမီးဖိုင်နယ်မှာ အင်္ဂလန်နဲ့ရင်ဆိုင်ရမယ့်ပွဲစဉ်က ခက်ခဲမှာဖြစ်ပေမယ့် အသင်းကို ချန်ပီယံဖြစ်အောင်လုပ်ပြီး အိပ်မက်တွေကို တကယ်ဖြစ်လာဖို့ ဆုံးဖြတ်ချက်ချထားကြောင်း ပြောခဲပါတယ်။
နယ်သာလန်အသင်းဟာ မနေ့ညက တူရကီကို ဒုတိယပိုင်း comebackနဲ့ ပြန်လာပြီး ၂-၁ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။
ပွဲအပြီးမှာ ဗန်ဒိုက်က "ဒီပွဲမှာ ကစားသမားတိုင်း ဘယ်လိုတုံ့ပြန်ပြီး အတူတကွလုပ်ကိုင်ခဲ့သလဲဆိုတာ မြင်နိုင်ပါတယ်။
ကျွန်တော်တို့ ဖျက်ထုတ်မှုတွေ၊ ကာကွယ်မှုတွေနဲ့ တတ်နိုင်သမျှ အကုန်လုပ်ခဲ့ပါတယ်။ အခုတော့ အင်္ဂလန်နဲ့ ခက်ခဲတဲ့ပွဲစဉ်အတွက် အားပြန်မွေးပြီး ပြင်ဆင်ရပါမယ်။
ကျွန်တော်တို့ ဆီမီးဖိုင်နယ်ရောက်ဖို့ အစွမ်းကုန် ကြိုးစားခဲ့ပါတယ်။ ကျွန်တော်တို့ ခဏနားပြီး ပြန်လည်ကြိုးစားရပါမယ်။ ကျွန်တော်တို့အားလုံး အိပ်မက်တွေကို တကယ်ဖြစ်လာစေချင်ကြပါတယ်။ အခုတော့ ခြေတစ်လှမ်းပိုနီးလာပါပြီ။"လို့ ပြောခဲ့ပါတယ်။
အင်္ဂလန်နဲ့ရင်ဆိုင်ရမယ့်အပေါ် နည်းပြကိုးမန်းက "အင်္ဂလန်မှာ ကစားသမားကောင်းတွေရှိသလို ကျွန်တော်တို့မှာလည်း ရှိပါတယ်။
ကျွန်တော်တို့ အခု ဆီမီးဖိုင်နယ်ရောက်နေပြီဖြစ်ပြီး ဘယ်သူမှ အဲ့လိုလုပ်နိုင်မယ်လို့ မထင်ထားကြပါဘူး။ အားလုံးအဆင်ပြေရင် ကျွန်တော်တို့ နှစ်ပွဲထပ်ကစားရပါဦးမယ်။
ကျွန်တော် ဗိုလ်လုပွဲမှာ တွေ့ချင်တဲ့အသင်းဆိုရင် ပြင်သစ်နဲ့က အုပ်စုမှာ တွေ့ပြီးပြီဖြစ်လို့ စပိန်နဲ့တွေ့ချင်ပါတယ်။ ဒါပေမယ့် အခုတော့ ဆီမီးဖိုင်နယ်အတွက် သေချာပြင်ဆင်ရပါဦးမယ်။"လို ပြောခဲ့ပါတယ်။