အိမ်ကွင်းမာတဲ့လူတန်ကို အနိုင်ကစားကာ ချန်ပီယံလိဂ်ဝင်ခွင့်အိပ်မက်ရှင်သန်လာတဲ့ ယူနိုက်တက်
လူတန်တောင်း ၁-၂ ယူနိုက်တက် (ပွဲပြီးရလဒ်)
ယူနိုက်တက်တို့ ဒီပွဲမှာ ဟွိုက်လန်းရဲ့ ပွဲအစပိုင်း သွင်းဂိုး၂ဂိုးကြောင့်သာ အသက်ရှူချောင်ပြီး အနိုင်ရခဲ့တာပါ။
ဦးဆောင်ဂိုး၂ဂိုးသွင်းယူပြီးတဲ့နောက် ယူနိုက်တက်တို့ ကစားအားကျသွားကာ လူတန်က အသင်းကြီး၁သင်းပုံစံ ပြောင်းလဲသွားခဲ့ပါတယ်။
လူတန်က အိမ်ကွင်းမာတဲ့ အသင်းပီပီ ယူနိုက်တက်ကို အကောင်းဆုံး ဒုက္ခပေးကစားခဲ့ပေမယ့် သရဲနီတို့က လိုအပ်နေတဲ့ နိုင်ပွဲကို ရအောင်ယူသွားနိုင်ခဲ့ပါတယ်။
ယူနိုက်တက်ဘက်က အပိုင်သွင်းဂိုးတွေကို လူတန်ဂိုးသမား ကာမင်စကီး ကာကွယ်နိုင်ခဲ့လို့လည်း ဒီထက် ဂိုးမပြတ်ခဲ့တာ ဖြစ်ပါတယ်။
ယူနိုက်တက်က အခုဆိုရင် ၅ပွဲဆက် နိုင်ပွဲရခဲ့ပြီဖြစ်သလို ဟွိုက်လန်းကလည်း ၆ပွဲဆက် ဂိုးသွင်းနိုင်ခဲ့ပါတယ်။