ဇက်ခ်ဇီ နှင့် သီးသန့်တွေ့ဆုံမှုပြုလုပ်ခဲ့တဲ့ ယူနိုက်တက်နည်းပြ တန်ဟက်
အက်ဖ်အေဖလားဗိုလ်လုပွဲတွင် အောင်နိုင်ဖွယ်မရှိခဲ့တဲ့ ယူနိုက်တက်ဟာ ၂၀၂၃-၂၄ ရာသီတွင် ရုန်းကန်ခဲ့ရပြီး ပရီးမီးယားလိဂ်တွင် အဆင့် ၈ ဖြင့်သာ ရပ်တည်နိုင်ခဲ့ကာ ၁၉၉၂ ခုနှစ် ပြိုင်ပွဲစတင်ကတည်းက အသင်းရဲ့ အနိမ့်ဆုံး ရပ်တည်မှုဖြစ်ခဲ့ပါတယ်။ ပိုင်ရှင်အသစ် ဆာဂျင်ရက်ဖ်ကလစ်ဟာ နည်းပြသစ်ဖြင့် အစားထိုးရန် များစွာစဉ်းစားခဲ့သော်လည်း တန်ဟက်သာ လာမယ့်ရာသီအတွက် နည်းပြအဖြစ် ဆက်လက်ရှိနေခဲ့ပြီး အသင်းကိုအောင်းကောင်းလာစေရန် လုပ်ဆောင်နေပြီဖြစ်ပါတယ်။
ယူနိုက်တက်တို့ ရုန်းကန်နေရတဲ့ နေရာတစ်ခုရှိနေပြီး အဆိုပါနေရာတွင် ဒိန်းမတ်တိုက်စစ်မှူး ဟွိုက်လန်းကသာ ပြီးခဲ့တဲ့ရာသီ ပွဲအများစုအတွက် တစ်ခုတည်းသော ရွေးချယ်မှုဖြစ်ခဲ့ပါတယ်။ သတင်းတွေအရတော့ တန်ဟက်ဟာ ဒီနွေရာသီမှာ အိုးထရက်ဖို့ဒ်သို့ ပြောင်းရွှေ့ရန် ဆွေးနွေးဖို့အတွက် နယ်သာလန်လူငယ်တိုက်စစ်မှူး ဇီကာဇီနဲ့ တွေ့ဆုံခဲ့ကာ ဒါဟာ တန်ဟက်ကိုင်တွယ်ဖြေရှင်းရမယ့် ပထမဆုံးပြဿနာဖြစ်နိုင်ပါတယ်။
Sky Sports ရဲ့ သတင်းထောက် ပလက်တန်ဘက်က အသက် ၂၃ နှစ်အရွယ် ကစားသမားဟာ ယူနိုက်တက်အသင်းရဲ့ ထိပ်တန်းပစ်မှတ်အဖြစ် ရှိနေဆဲဖြစ်ပြီး ကလပ်အသင်းအနေနဲ့ ကစားသမားရဲ့ စာချုပ်ဖျက်သိမ်းကြေး ယူရို သန်း ၄၀ ပေးမှာဖြစ်ကာ ကစားသမားထံမှ မီးစိမ်းပြဖို့ စောင့်ဆိုင်းနေတယ်လို့ ပြောကြားခဲ့ပါတယ်။ ကစားသမားရဲ့ကိုယ်စားလှယ်တွေကလည်း တန်ဟက်နှင့်တွေ့ဆုံရတာ သဘောကျနေသော်လည်း နယ်သာလန်တိုက်စစ်မှူးကတော့ ယူရို ၂၀၂၄ မပြီးခင်အထိ သူ့ရဲ့အနာဂတ်အတွက် ဆုံးဖြတ်ချက်ချမှာ မဟုတ်ပါဘူး။
အီတလီ ဘီလူးကြီးဖြစ်တဲ့ အေစီမီလန်ကလည်း သူ့ကိုခေါ်ယူဖို့ရှိနေဆဲဖြစ်တာကြောင့် လူငယ်ကစားသမားကိုခေါ်ယူဖို့ ကြိုးစားနေတာက ယူနိုက်တက် တစ်သင်းတည်းတော့ မဟုတ်ပါဘူး။ ဇီကာဇီဟာ လက်ရှိတွင် အီတလီကလပ် ဘိုလော့ဂ်နာတွင် ကစားနေပြီး စီးရီးအေ ၃၄ ပွဲတွင် ၁၁ ဂိုးသွင်းယူကာ ၅ ဂိုး ဖန်တီးပေးထားပြီး ကလပ်ရဲ့ သွင်းဂိုးအများဆုံးကစားသမားဖြစ်လာခဲ့ပါတယ်။
ယူနိုက်တက်ဟာ ၂၀၂၃-၂၄ ရာသီမှာ လိဂ်ဂိုး ၅၇ ဂိုးသာ သွင်းယူနိုင်ခဲ့ပြီး တိုက်စစ်မှူး ဟွိုက်လန်းက ၁၀ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ ကွင်းလယ်ကစားသမား ဒီဂျောင်နှင့် ကော့ပ်မီနာစ်တို့ ဒဏ်ရာရရှိခဲ့ပြီးနောက် နည်းပြရော်နယ်ကိုမန်းဟာ ယူရို ၂၀၂၄ ပြိုင်ပွဲတွင် လူ ၂၆ ဦးအထိ ခေါ်ယူခံခဲ့ကာ ဇီကာဇီဟာ နယ်သာလန်အသင်းအတွက် ပွဲဦးထွက် မကစားရသေးသော်လည်း လူငယ်ကစားသမားလေးဟာ အသက် ၁၄ နှစ်အရွယ်ကတည်းက နိုင်ငံ့ရဲ့သက်တမ်းလိုက်အသင်းတွေမှာ ကစားခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ နောက်လာမယ့် ယူရို ၂၀၂၄ ပွဲစဉ်ကတော့ အင်္ဂါနေ့ BST Allianz Arena တွင်ကစားမယ့် ရိုမေးနီးယားပွဲ ဖြစ်ပါတယ်။