မန်စီးတီးစတားကို အလိုရှိနေတဲ့ ဆော်ဒီကလပ်အသင်း ၂ သင်း
ဆော်ဒီကလပ်အသင်း ၂ သင်းကတော့ မန်စီးတီးနောက်ခံလူ ကန်ဆယ်လိုကို ခေါ်ယူဖို့ အလိုရှိနေတယ်လို့ သိရပါတယ်။
ကန်ဆယ်လိုဟာ ဘာစီလိုနာမှာ အငှားလာကစားနေတာဖြစ်ပြီး အငှားစာချုပ်ပြည့်ခဲ့ပြီဖြစ်ပေမယ့် စပိန်မြေမှာ ဆက်နေချင်နေပါတယ်။ ဒါပေမယ့် စီးတီးဘက်က အငှားထက်အပြီးသတ်ရောင်းထုတ်ဖို့သာ အလိုရှိနေပါတယ်။ ဒီဗို့တီဗို့သတင်းဌာနရဲ့အဆိုအရ အယ်လ်-အက်လီ နဲ့ အယ်လ်-အက်တီဖက်အသင်းတို့ဟာ ကန်ဆယ်လိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ ဆိုပါတယ်။
စီးတီးဘက်ကတော့ သူတို့ကစားသမားအတွက် ပေါင် ၂၅ သန်းအလိုရှိနေပြီး ဆော်ဒီကလပ်တွေသာ ခေါ်ယူနိုင်ဖွယ်ရှိနေပါတယ်။ ဘာစီလိုနာဘက်ကလည်း ကန်ဆယ်လိုကို ဆက်လက်ခေါ်ယူချင်နေပေမယ့် ဘဏ္ဍာရေးအခြေအနေကြောင့် ခက်ခဲဖွယ်ရှိနေပါတယ်။
ကန်ဆယ်လိုကတော့ ကစားသမားဘဝအချိန်တော်တော်များများကို အငှားထွက်ကစားခဲ့ရတာဖြစ်ပြီး ဘာစီလိုနာကိုမပြောင်းခင် ၂၀၂၂ - ၂၃ တုန်းက ဘိုင်ယန်မှာ အငှားကစားခဲ့ရပါတယ်။ လက်ရှိစီးတီးနဲ့စာချုပ်သက်တမ်းက ၂၀၂၇ မှာကုန်ဆုံးမှာဖြစ်ပြီး လာမယ့်အပတ်တွေမှာ အနာဂတ်နဲ့ပတ်သက်ပြီး ဆုံးဖြတ်ဖွယ်ရှိနေပါတယ်။