ဘွန်ဒက်စ်လီဂါချန်ပီယံဆုအတွက် လက်မလျှော့သေးကြောင်း တူချယ် ပြောကြား
ဘိုင်ယန်မြူးနစ်နည်းပြ သောမက်စ်တူချယ်က မိမိတို့အသင်းဟာ ဘွန်ဒက်စ်လီဂါ ချန်ပီယံဆုအတွက် လက်မလျှော့သေးဘူးလို့ ပြောကြားလိုက်ပါတယ်။ လက်ရှိမှာ လေဗာကူဆင်အသင်းက အမှတ်ပေးဇယားကို အမှတ်ဖြတ်ဦးဆောင်နေပြီး ဘိုင်ယန်အနေနဲ့ ဖြစ်နိုင်ချေတော့ နည်းပါးနေတာဖြစ်ပါတယ်။
လာမယ့်အပတ်မှာ ဘိုင်ယန်ဟာ လေဗာကူဆင်ထက်အရင်ကစားရမှာ ဖြစ်တာကြောင့် အခွင့်အရေးရှိနေတာဖြစ်ပါတယ်။ ဘိုင်ယန်ဟာ စနေနေ့မှာ မိန့်ဇ်အသင်းနဲ့ ကန်ရမှာဖြစ်ပြီး အဲ့နောက် လေဗာကူဆင်က ဝုလ်ဘတ်နဲ့ကန်ရမှာဖြစ်ပါတယ်။
“လေဗာကူဆင်နဲ့ကွာခြားမှုရှိနေပေမယ့် ကျွန်တော်တို့ လက်မလျှော့သေးပါဘူး။ ကွာဟမှုက အရမ်းကြီးမားပါတယ်။ အဲ့တာက အရှိတရားပါ၊ ကျွန်တော်တို့ အနိုင်ရဖို့လိုအပ်သလို ကျွန်တော်တို့ လက်ထဲမှာတော့ ရှိမနေပါဘူး။ လေဗာကူဆင်ကလည်း အမှားခံလောက်မှာမဟုတ်သလို ကျွန်တော်တို့အမှားပါ။ ဒါပေမယ့် မနက်ဖြန်ပွဲမှာ အရာအားလုံးပေးဆပ်ကစားမှာပါ။ မှန်ပါတယ်။ အဲ့ရလဒ်က ကျွန်တော်တို့ကိုကူညီနိုင်သလို ယုံကြည်မှုလည်းပေးနိုင်ပါတယ်။ လာမယ့်အပတ်တွေမှာ နိုင်ပွဲတွေပြန်လည်ရယူနိုင်ဖို့ မျှော်လင့်ပါတယ်”လို့ တူချယ်က ပြောကြားခဲ့ပါတယ်။
ဒါပေမယ့်လည်း မိန့်ဇ်ဟာ ဘိုင်ယန်နဲ့တွေ့ဆုံတိုင်း ကောင်းမွန်တဲ့ရလဒ်တွေရှိနေပြီး နောက်ဆုံး ၆ ပွဲမှာ ၃ ပွဲအနိုင်ရရှိထားခဲ့ပါတယ်။