
အာနိုးလ်ကို ခံစစ်ပိုင်းစည်းကမ်းတွေကိုသာ အာရုံစိုက်ဖို့ ပြောကြာလိုက်တဲ့ သောမက်စ်တူချယ်လ်
အာနိုးလ်အနေနဲ့ ခံစစ်ပိုင်းမှာ ပိုပြီးကြိုးစားအားထုတ်ဖို့လိုတယ်ဆိုတဲ့ ဆလော့ရဲ့ပြောကြားချက်တွေကို အင်္ဂလန်နည်းပြ တူချယ်လ်က သဘောတူထားပါတယ်။
လီဗာပူး နည်းပြ အာနီ ဆလော့သည် ရီးရဲလ်မက်ဒရစ်သို့ ပြောင်းရွှေ့တော့မည့် ညာနောက်ခံလူ အလက်ဇန္ဒား-အာနိုးလ်နှင့် ပတ်သက်၍ ခံစစ်စွမ်းရည်များကို တိုးတက်အောင် လုပ်ဆောင်ရန် လိုအပ်ကြောင်း ပြတ်ပြတ်သားသား မှတ်ချက်ပြုခဲ့တာပါ။ ဆလော့က လေ့ကျင့်ရေးကွင်းတွင် ညာနောက်ခံလူရဲ့ ကြိုးစားအားထုတ်မှုကို အမြဲတမ်း သဘောမကျကြောင်း ပြောကြားခဲ့ပါတယ်။ ယခုအခါ အင်္ဂလန်နည်းပြ သောမတ်စ် တူချယ်လ်က လီဗာပူးနည်းပြရဲ့ ပြောဆိုချက်များကို ထောက်ခံခဲ့ပြီး အသက် ၂၆ နှစ်အရွယ် ကစားသမားအနေနဲ့ ခံစစ်ပိုင်းစည်းကမ်းနှင့် ကြိုးစားအားထုတ်မှုအပေါ် အလေးအနက်မထားဟု မှတ်ချက်ပြုခဲ့ပါတယ်။
တူချယ်လ်က "သူဟာ တစ်ခါတလေ တိုက်စစ်ပိုင်းမှာ အများကြီး အားကိုးပြီး ခံစစ်ပိုင်း စည်းကမ်းနဲ့ ကြိုးစားအားထုတ်မှုအပေါ် သိပ်အလေးမထားတာကို ကျွန်တော် တွေ့ရပါတယ်။ လီဗာပူးအတွက် နှစ်ပေါင်းများစွာ သူ ပေးစွမ်းခဲ့တဲ့ ဒီလို ကြီးမားတဲ့ သက်ရောက်မှုကို အင်္ဂလန် လက်ရွေးစင်အသင်းမှာပါ ဆက်လက်ပေးချင်တယ်ဆိုရင်တော့ ခံစစ်အပိုင်းကို အလေးအနက်ထားပြီး လုပ်ဆောင်ရပါလိမ့်မယ်"
"ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ပြောတဲ့အခါ၊ အထူးသဖြင့် ခြေစစ်ပွဲတွေနဲ့ ပြိုင်ပွဲတွေမှာ ခံစစ်အမှား တစ်ကြိမ်၊ ၁၀၀% သတိမထားမိတဲ့ တစ်ချိန်တည်းသော အခိုက်အတန့်ဟာ အဆုံးအဖြတ် ဖြစ်နိုင်ပါတယ်။ အဲဒါဟာ ခင်ဗျားတို့ရဲ့ ခရီးဆောင်အိတ်တွေကို ထုပ်ပိုးပြီး အိမ်ပြန်ရမယ့် အချိန် ဖြစ်နိုင်ပါတယ်" လို့ ပြောကြားခဲ့သည်။
ချဲလ်ဆီးနည်းပြဟောင်းက ထပ်လောင်းပြောကြားခဲ့ရာမှာ "ကျွန်တော်တို့ သူရဲ့ ပထမဆုံး အင်္ဂလန်ပွဲစဉ်တွေဖြစ်တဲ့ အယ်လ်ဘေးနီးယားနဲ့ လတ်ဗီးယားတို့နဲ့ ပွဲစဉ်တွေမှာ နောက်ခံလူ သုံးဦး စနစ်ကို တည်ဆောက်ခဲ့ပါတယ်။ နောက်တန်းလေးဦးမှာ ဝေါ်ကာ ဒါမှမဟုတ် ရိစ် ဂျိမ်းစ်က ကျန်ရှိနေပြီး မိုင်းလ်စ် လူဝစ်-စကယ်လီကို ကွင်းလယ်ထဲသို့ ဘယ်နောက်ခံလူနေရာကနေ ရွှေ့ခဲ့ပါတယ်။ ဘောလုံးပိုင်ဆိုင်မှုမှာ ၄-၁ ကနေ ၃-၂ ဖြစ်လာခဲ့ပါတယ်"
"ထရန့်နဲ့ဆိုရင်တော့ အဲဒါက အဆင်ပြေမှာ မဟုတ်ဘူး။ သူနောက်ခံလူ သုံးဦးစနစ်မှာ ရှိနေတာက သူ့ရဲ့ အားသာချက်တွေနဲ့ ကိုက်ညီမှာ မဟုတ်ဘူး။ ဘောလုံးပေးပို့နိုင်စွမ်း၊ ဘောလုံးပေးပို့နိုင်တဲ့ အတိုင်းအတာကနေ သူ့ရဲ့ အားသာချက်တွေနဲ့ ကိုက်ညီနိုင်ပေမယ့် အတွင်းထဲသို့အရမ်းရောက်နေပြီး ဘောလုံးပြန်လည်ရယူခြင်းနဲ့ ဖိအားပေးရာမှာ ကောင်တာဆန်ဆန် ရှိနေဖို့ သူတာဝန်ယူရမှာ ဖြစ်တယ်။ အဲဒါက သူ့ရဲ့ စိတ်ဓာတ်နဲ့ လုံးဝကိုက်ညီမှာ မဟုတ်ဘူး။ သူ့နဲ့ ကိုက်ညီတဲ့ နေရာကို ရှာဖွေဖို့ လိုပါတယ်"
ရီးရဲလ်မက်ဒရစ်သို့ ပြောင်းရွှေ့တော့မယ့် နောက်ခံကစားသမား လီဗာပူးအသင်းရဲ့ ရာသီနောက်ဆုံးပွဲစဉ်အဖြစ် ခရစ္စတယ်လ်ပဲလေ့စ်နှင့် ကစားခဲ့တဲ့ အန်ဖီးလ်က တနင်္ဂနွေနေ့ပွဲစဉ်ဟာ ငယ်ဘဝကလပ်အတွက် နောက်ဆုံးပွဲစဉ် ဖြစ်ပါတယ်။