
ချဲလ်ဆီးအသင်းထံ နာပိုလီစတားပြောင်းရွှေ့ဖို့ ဘယ်လောက်အထိနီးစပ်ခဲ့လဲဆိုတာကို မီခေးလ် ထုတ်ဖော်ပြောကြား
ချဲလ်ဆီးကွင်းလယ်လူဟောင်း အိုဘီမီခေးလ်က ဗစ်တာအိုဆီမင်ဟာ ချဲလ်ဆီးအသင်းထံပြောင်းရွှေ့ဖို့ ချိတ်ဆက်နေဆဲဖြစ်ပြီး နွေရာသီတုန်းက ဘယ်လောက်အထိ နီးစပ်ခဲ့လဲဆိုတာကို ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ချဲလ်ဆီးအသင်းဟာ ပြီးခဲ့တဲ့နွေရာသီတုန်းက အိုဆီမင်ကိုခေါ်ယူနိုင်ဖို့ တော်တော်လေးနီးစပ်ခဲ့ပေမယ့် နာပိုလီနဲ့သဘောတူညီမှုမရခဲ့တာဖြစ်ပါတယ်။
အဲ့နောက် အိုဆီမင်တစ်ယောက် ဂါလာတာစာရေးအသင်းထံ ၁ ရာသီအငှားနဲ့ပြောင်းရွှေ့ခဲ့ပြီး တူရကီမြေမှာ ၃၂ ပွဲအတွင်း ၂၈ ဂိုးအထိသွင်းယူနိုင်ခဲ့ပါတယ်။ ချဲလ်ဆီးအသင်းဟာ လာမယ့်နွေရာသီမှာ တိုက်စစ်မှူးသစ်ခေါ်ယူဖွယ်ရှိနေပြီး အိုဆီမင်အပြင် အစ်ဝှစ်တောင်းစတား ဒီလပ်ကိုလည်း ချိတ်ဆက်နေပါတယ်။ ဒါပေမယ့် မီခေးလ်က ချဲလ်ဆီး နဲ့ အိုဆီမင်တို့ကြား ဆွေးနွေးမှုတွေရှိနေဆဲဖြစ်ပြီး ကစားသမားက လန်ဒန်ကိုလာချင်နေဆဲလို့ ပြောကြားလိုက်ပါတယ်။
“သူ့မှာရွေးချယ်စရာတွေရှိနေပါတယ်။ အခုတောင် သူနဲ့စကားပြောဆိုနေတာတွေရှိပါတယ်။ ကျွန်တော့်အတွက် သူငယ်ငယ်ကတည်းက အားပေးတဲ့အသင်းမှာ ကစားခွင့်မရတာ ဝမ်းနည်းစရာပါ။ နားထောင်ပါ။ ကျွန်တော်အဲ့တာကိုဖြစ်လာဖို့ မျှော်လင့်ခဲ့တာပါ။ ဘာလို့လဲဆိုတော့ ကျွန်တော်အဖြစ်အပျက်တွေကို မြင်ခဲ့ပါတယ်။ ကောင်းမွန်တဲ့ဆွေးနွေးမှုတွေကို မြင်ခဲ့ရပါတယ်။ ကစားသမားက လာကစားချင်တာကိုလည်း မြင်ခဲ့ရပါတယ်။
ဘာအမှားမှမရှိခဲ့ဘူးဆိုရင် အိုဆီမင်သာ ချဲလ်ဆီးလာခဲ့မယ်ဆိုရင် သူစံချိန်တွေချိုးဖျက်နိုင်မှာပါ။ သူအားကျရတဲ့ကစားသမားက ဒရော့ဘာပါ။ သူက ဒီမှာ စံချိန်တွေအပြင် ဂိုးတွေလည်းသွင်းပြီး ဆုဖလားတွေလည်း ရယူချင်ပါတယ်။ သူက ဆာလောင်မှုနဲ့ကစားတတ်တဲ့ကစားသမားမျိုးဖြစ်သလို တစ်စုံတစ်ခုအတွက် ကစားချိန်မှာလည်း ရည်မှန်းချက်ရှိပါတယ်။ သူ့လိုကစားသမားမျိုးက အနည်းငယ်ပဲရှိပါတယ်။ ကျွန်တော့်အတွက် သူသာ ချဲလ်ဆီးရောက်လာမယ်ဆိုရင် တကယ်ကောင်းတဲ့အရာတွေဖြစ်လာမှာပါ။ ကျွန်တော်ပြောခဲ့သလိုပါပဲ။ ကျွန်တော့်အပိုင်းကတော့ ပြီးပါပြီ။ အသင်းဘက်က သူ့ကိုဆွဲဆောင်နိုင်မလားဆိုတာတော့ စောင့်ကြည့်ရမှာပါ။
ကစားသမားမှာက ရွေးချယ်စရာအများကြီးရှိပါတယ်။ သူ နဲ့ ချဲလ်ဆီးကံကောင်းပါစေလို့ ဆုတောင်းပါတယ်။ ဒါပေမယ့်ကောင်းတဲ့အရာက ကျွန်တော်တို့ အတိအကျသိခဲ့ရတာက ပြီးခဲ့တဲ့နွေရာသီတုန်းက ဆွေးနွေးမှုရပ်တန့်ခဲ့ပါတယ်။ အဲ့တာကို ပြန်လည်စတင်နိုင်ပါတယ်။ ကစားသမားကိုရယူနိုင်ဖို့က သိပ်မလိုတော့ပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ရပ်တန့်ခဲ့တဲ့နေရာကို သိတာကြောင့်ပါ။
အိုဆီမင် ဆော်ဒီမြေကိုမပြောင်းဖို့ မျှော်လင့်မိပါတယ်။ အဲ့တာက ကျွန်တော့်တိုက်ပွဲပါ။ ကျွန်တော် နဲ့ သူနဲ့ကြားမှာ ဆွေးနွေးမှုရှိပါတယ်။ ကောင်လေးကို အဲ့မသွားဖို့ ပြောခဲ့ပါတယ်။ ဆော်ဒီက ၂၀၃၄ မတိုင်ခင်အထိ ကမ္ဘာ့ဖလားမရှိပေမယ့် သူတို့ရင်းနှီးမြုပ်နှံနေဆဲပါ။ ချဲလ်ဆီးကိုလာခဲ့ပါ။ ငါတို့ဆီမှာ ၃ ရာသီ ဒါမှမဟုတ် ၄ ရာသီလောက်ကန်ပါ”လို့ မီခေးလ်က ပြောကြားခဲ့ပါတယ်။