The network connection is lost.

Banner Image

ယူရိုချန်ပီယံဆုအတွက်ပဲ အာရုံစိုက်ထားတယ်လို့ ဆိုလိုက်တဲ့ တိုနီခရူးစ်

တိုနီခရူးစ်က မရဖူးသေးတဲ့ ဆုဖလားအောင်မြင်မှုနဲ့အတူ ပရော်ဖက်ရှင်နယ်ဘောလုံးသမားဘဝကို အကောင်းဆုံးအဆုံးသတ်လိုက်ဖို့ဆိုတဲ့ ဆန္ဒတွေနဲ့ နိုင်ငံ့လက်ရွေးစင်အသင်းဆီ ပူးပေါင်းလာခဲ့တာပါလို့ ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း သူ့အတွက် ခြောက်ကြိမ်မြောက်ချန်ပီယံလိဂ်ဆုဖလားနဲ့အတူ အောင်မြင်တဲ့ ရီးရဲလ်မက်ဒရစ်ကစားသမားဘ၀ ဆယ်နှစ်တာကာလကို အဆုံးသတ်ခဲ့တဲ့ တိုနီခရူးစ်က ယူရို-၂၀၂၄ ပြိုင်ပွဲအပြီး ဘောလုံးလောကမှအနားယူသွားမယ်လို့ တရားဝင်ကြေညာထားပါတယ်။

သတင်းစာရှင်းလင်းပွဲတစ်ခုအတွင်း တိုနီခရူးစ်က “အမှန်ပါပဲ၊ ယူရိုချန်ပီယံအောင်မြင်မှုကို ကျွန်တော် ဆာလောင်မွတ်သိပ်နေပါတယ်။ ဒီပြိုင်ပွဲမှာ အနိုင်ရဖို့နဲ့ အောင်ပွဲခံနိုင်ဖို့ စိတ်ဆန္ဒက ကျွန်တော့်ဆီမှာ အမြဲတမ်းရှိနေပါတယ်။ ဖြစ်နိုင်ပါ့မလားလို့ ယူဆထားတယ်ဆိုရင် ကျွန်တော် အသင်းဆီတောင် ပြန်လာမှာ မဟုတ်ပါဘူး”လို့ ပြောပါတယ်။

သူက ဂျာမနီလက်ရွေးစင်အသင်းဆီ ကျရောက်လာနိုင်တဲ့ဖိအားတွေ ဖယ်ရှားနိုင်ဖို့အတွက် ပြိုင်ပွဲမတိုင်ခင် ရေပန်းစားမှုအမြင့်ဆုံး အသင်းဖြစ်သလားဆိုတာမစဉ်းစားတာ အကောင်းဆုံးပါပဲလို့ ပြောဆိုလိုက်ပါတယ်။ ဒါ့အပြင် တိုနီခရူးစ်က လက်ရှိဂျာမနီအသင်း ဦးဆောင်ကစားသမားတွေအနက် တစ်ဦးဖြစ်နေရခြင်းအပေါ် ခက်ခဲမှုရှိတယ်လို့လည်း မယူဆထားပါဘူး။

သူက “ ဒီအသင်းက ဦးဆောင်ဖို့ခက်ခဲတဲ့ အသင်းမျိုး မဟုတ်ပါဘူး။ ဒီအသင်းမှာ စိတ်လှုပ်ရှားမှုနဲ့ စိတ်အားထက်သန်မှုတွေ အပြည့်ရှိနေပါတယ်။ ဘယ်သူကမှ လိုက်ပြီး တွန်းအားပေးနေဖို့ မလိုအပ်ပါဘူး” လို့ ပြောပါတယ်။

ဆက်လက်ပြီး ကလပ်အသင်းဖော်ဟောင်း၊ အင်္ဂလန်လက်ရွေးစင်ဘယ်လင်ဟမ်နဲ့ ပတ်သက်လို့ မကြာခဏဆိုသလို အံ့အားသင့်နေခဲ့တဲ့ တိုနီခရူးစ်က “ ဒီကောင်လေးဟာ တကယ်ပဲ အသက်-၂၀ နှစ်ပဲ ရှိသေးတာလား? အထူးသဖြင့် ဘယ်လင်ဟမ်က ကွင်းပြင်ပကိစ္စရပ်တွေမှာတောင် ရင့်ကျက်မှုပိုရှိနေပုံပါပဲ။ အင်္ဂလန်အသင်းရဲ့ အနာဂတ်မီးရှုးတန်ဆောင်ဖြစ်လာဖို့ လိုအပ်တဲ့ ကိုယ်ရည်ကိုယ်သွေးစရိုက်လက္ခဏာတွေ သူ့မှာရှိပါတယ်”လို့ ပြောပါတယ်။

ရီးရဲလ်မက်ဒရစ်ကြယ်ပွင့်ဟောင်းက လာမယ့်သောကြာနေ့၊ အလိုင်းယန့်ဇ်အရီနာကွင်းမှာ ကစားရမယ့် စကော့တလန်နဲ့အုပ်စုအဖွင့်ပွဲစဉ်မှာ ဘာစီလိုနာ ဝါရင့်ကွင်းလယ်လူ ဂမ်ဒိုဂန်နဲ့အတူ ပွဲထွက်လာမယ်လို့ မျှော်လင့်ရပါတယ်။