
ဘာစီလိုနာစတားထက် မိမိနိုင်ငံအသင်းဖော် ၂ ဦးက ပိုကောင်းတယ်လို့ သူရမ် ယုံကြည်နေ
အင်တာမီလန်တိုက်စစ်မှူး သူရမ်က ပြီးခဲ့တဲ့ဘာစီလိုနာကို ၃-၃ နဲ့သရေကျခဲ့တဲ့ပွဲမျာ ယာမဲလ်တစ်ယောက် ခြေစွမ်းကောင်းပြသနိုင်ခဲ့ပေမယ့် နိုင်ငံအသင်းဖော် ၂ ဦးက ပိုကောင်းတယ်လို့ ယုံကြည်နေပါတယ်။
ဘာစီလိုနာစတား ယာမဲလ်ကို ချီးကျူးနေကြပေမယ့် သူရမ်ကတော့ သူ့ရဲ့နိုင်ငံအသင်းဖော် ၂ ဦးဖြစ်တဲ့ ဒမ်ဘီလီ နဲ့ ဘာပေတို့က သူ့ထက်ပိုကောင်းတယ်လို့ ပြောကြားလိုက်ပါတယ်။ဘာစီလိုနာနဲ့ပွဲအပြီး အင်တာဗျူးမှာ ယာမဲလ်က ကမ္ဘာ့အကောင်းဆုံးကစားသမားလားဆိုတဲ့မေးခွန်းအပေါ် သူရမ်က “နိုးပါ။ ကမ္ဘာ့အကောင်းဆုံးကစားသမားက ပြင်သစ်မှာပါ။ ဒုတိယလည်း အတူတူပါပဲ။ သူတို့ကတော့ ဒမ်ဘီလီ နဲ့ ဘာပေပါ။ သူတို့ ၂ ယောက်ပြီးရင်တော့ ယာမဲဖြစ်နိုင်ပါတယ်”လို့ ဖြေကြားခဲ့ပါတယ်။
ယာမဲလ်ဟာ ဘာစီလိုနာအသင်းအတွက် ၂၀၂၃ - ၂၄ ရာသီကတည်းက ပါဝင်ခွင့်ရရှိခဲ့တာဖြစ်ပြီး အသက် ၁၅ နှစ်နဲ့စံချိန်တင်ထားနိုင်ခဲ့တာဖြစ်ပါတယ်။ ဗုဒ္ဓဟူးနေ့တုန်းကလည်း ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်သမိုင်းတစ်လျှောက် အသက်အငယ်ဆုံးဂိုးသွင်းသူဖြစ်လာခဲ့ပြီး ဘာပေရဲ့စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့ပါတယ်။
ယခင်တုန်းက မက်ဆီဟာ ယာမဲလ်အနေနဲ့ ကမ္ဘာ့အကောင်းဆုံးကစားသမားတွေထဲကတစ်ဦးဖြစ်တယ်လို့ ချီးကျူးခဲ့သေးတာဖြစ်ပါတယ်။ သူရမ်ရဲ့မှတ်ချက်ကြောင့် ယာမဲလ်အနေနဲ့ လာမယ့်ဒုတိယအကျော့ပွဲမှာ ပိုမိုပေါက်ကွဲပြဖို့ လိုအပ်နေပါတယ်။ အဲ့မတိုင်ခင် ဘာစီလိုနာဟာ ဗယ်လာဒိုးလစ်နဲ့ရင်ဆိုင်ရမှာဖြစ်ပြီး အင်တာကတော့ ဗီရိုနာနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။