The network connection is lost.

Banner Image

ဒီနှစ်နွေရာသီမှာ ချဲလ်ဆီးသို့ ပြန်လာဖို့ တံခါးဖွင့်ထားတဲ့ သောမက်စ်တူချယ်

လက်ရှိရာသီကုန်မှာ တူချယ်ဟာ ကလပ်ကနေထွက်ခွာမှာဖြစ်ပါတယ်လို့ ဘိုင်ယန်မြူးနစ်က ကြေညာခဲ့ပြီးဖြစ်ပါတယ်။

ပြီးခဲ့တဲ့စနေနေ့က ဘရန့်ဖို့ဒ်နှင့် ၂-၂ ဂိုးသရေကျခဲ့ပြီးနောက် ပရိသတ်တွေဟာ အာဂျင်တီးနားသားနည်းပြကို ထုတ်ပယ်ဖို့ တောင်းဆိုခဲ့တာကြတာဖြစ်ပြီး ချဲလ်ဆီးအသင်းကလည်း ပိုချက်တီနိုရဲ့ အနာဂတ်နှင့် ပတ်သက်ပြီး ဆုံးဖြတ်ချက် ချသွားမှာဖြစ်ပါတယ်။ SportBild ရဲ့ ဖော်ပြချက်အရ ဘိုင်ယန်မြူးနစ်ကနေ ထွက်ခွာပြီးနောက် တူချယ်ရဲ့ ပရီးမီးယားလိဂ်သို့ ပြန်လာဖို့က ရှိနေပြီး အသက် ၅၀ အရွယ်နည်းပြဟာ ကလပ်တော်တော်များများနှင့်ချိတ်ဆက်မှုများရှိနေတာဖြစ်ပါတယ်။

တူချယ်ဟာ ယူနိုက်တက်ရဲ့နည်းပြဖြစ်လာဖို့ အလားအလာရှိနေသလို တန်ဟက်ကလည်း နောက်ထပ်ရာသီမှာ အသင်းမှာ ဆက်ရှိနေနိုင်တယ်လို့ ပြောဆိုမှုများရှိနေပါတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။ အသင်းရဲ့ပူးတွဲပိုင်ရှင် ဘိုလေကသာ ပြီးခဲ့တဲ့ကွာဟချက်တွေကို လုပ်ဆောင်ဖို့ အဆင်သင့်ဖြစ်ခဲ့မယ်ဆိုရင် ဒီနွေရာသီမှာ ချဲလ်ဆီးသို့ ပြန်လာချင်တယ်လို့ တူချယ်က ပြောဆိုထားပုံရပါတယ်။

တူချယ်ဟာ ကလပ်သို့ ဘိုလေရောက်လာပြီးနောက် စိတ်ပျက်ခဲ့ရတာဖြစ်ပြီး ကလပ်ကနေထုတ်ပယ်ခြင်းမခံရမီ အသင်းရဲ့ပိုင်ရှင်သစ်တွေနဲ့ သူ့ရဲ့ဆက်ဆံရေးကို ဆိုးရွားခဲ့ပါတယ်လို့ ဂျာမန်သားနည်းပြက ပြောကြားခဲ့ဖူးတာဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ၁ နှစ်ကျော်က ချဲလ်ဆီးကနေ ထွက်ခွာခဲ့ရခြင်းအပေါ် ကလပ်မှာဆက်မရှိနိုင်ခဲ့တာ နာကျင်ခဲ့ရပါတယ်လို့ တူချယ်က ဝန်ခံထားပါတယ်။

"ကျွန်တော်တို့အားလုံး အံ့အားသင့်ခဲ့ရတာပါ။ ကြီးမားတဲ့အရာတွေကို အောင်မြင်မှုရရှိဖို့ အချိန်မှန်နေရာမှန်ကို ရောက်နေပြီလို့ခံစားခဲ့ရတာပါ။ နည်းပြ အဖွဲ့ဝင်တွေ ကြားထဲမှာလည်း ကြီးမားတဲ့ ဆက်ဆံရေးကောင်းတွေရှိပါတယ်။ ဒီလိုလူတွေကို နေ့စဉ်မှာ မမြင်ခဲ့ရတဲ့အတွက် နာကျင်ရပါတယ်" "ဒီအလုပ်ကို ကျွန်တော် သဘောကျပါတယ်။ စိတ်အားထက်သန်မှုလည်းရှိပါတယ်။ အဝတ်လဲခန်းထက် အပျော်ရွင်ရဆုံး နေရာဆိုတာ မရှိပါဘူး။ ဒါတွေအားလုံးကို ကျွန်တော် လွမ်းဆွတ်မိပါတယ်" "အခြေအနေအရပ်ရပ်ကြောင့် ကျွန်တော်တို့က သာမန်ထပ်ပိုလွန်တဲ့ ဆက်ဆံမှုတွေ ရှိခဲ့ပြီး ကိုဗစ်၊ ဘာဆစ်တွေဖြစ်ခဲ့တဲ့အချိန်မှာ စတင်လုပ်ဆောင်ခဲ့ရပြီး အဲ့ဒီနောက် အသင်းပိုင်ရှင် အပြောင်းအလဲပါ ဖြစ်ခဲ့ပါတယ်။ လေ့ကျင့်ရေးကွင်းမှာတော့ ကျွန်တော်တို့ဟာ တောင့်တင်းတဲ့အစုအဖွဲ့ဖြစ်ပါတယ်။ မိသားစုတစ်ခုလိုပေါ့" လို့ တူချယ်က ပြောပါတယ်။