The network connection is lost.

Banner Image

ကူဒက်စ်ရဲ့ပွဲဦးထွက်ခြေစွမ်းအပေါ် အားရကျေနပ်မှုအပြည့်ရှိနေတဲ့ တော့တင်ဟမ်နည်းပြသစ်သောမတ်စ်ဖရန့်ခ်

ရီဒင်းကို ၂-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့တဲ့ ရာသီကြိုခြေစမ်းပွဲအတွင်း တော့တင်ဟမ်ကစားသမားဘဝပွဲဦးထွက်အဖြစ် ပါဝင်ကစားတဲ့ ဂါနာတိုက်စစ်မှူးကူဒက်စ်ရဲ့ခြေစွမ်းအပေါ် သောမတ်စ်ဖရန့်ခ်က ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။

မြောက်လန်ဒန်သားတွေက သောမတ်စ်ဖရန့်ခ်ရဲ့ခေတ်သစ်တစ်ခုအောက် ရာသီကြိုခရီးစဉ်ကို ဘက်ခ်ရှိုင်းယားဒေသသက်သောင့်သက်သာနိုင်ပွဲဖြင့် စတင်ခဲ့ပါတယ်။ ဒီနေရာမှာ ဝက်စ်ဟမ်းမှ ပြောင်းရွှေ့ကြေးပေါင် ၅၅ သန်းဖြင့်ပြောင်းရွှေ့လာတဲ့ ကူဒက်စ်က တော့တင်ဟမ်ကစားသမားဘဝပွဲဦးထွက်ကို အခုပွဲစဉ်ရဲ့ပထမပိုင်းပွဲချိန်အပြီး ပါဝင်ကစားခဲ့ပါတယ်။

သူက Select Car Leasings Stadium အတွင်း လူကာဗူစကိုဗစ်ရဲ့သွင်းဂိုး (တော့တင်ဟမ်ရဲ့ဒုတိယမြောက်ဂိုး)အတွက် ဂိုးဖန်တီးမှုပြုလုပ်ရင်း အကျိုးသက်ရောက်မှုတစ်ခုကို ချက်ချင်းဆိုသလို ပြသနိုင်ခဲ့ပါတယ်။ ဒါ့အပြင် တော့တင်ဟမ်ရဲ့ဦးဆောင်ဂိုးကို လန်ရှီးယားသွင်းယူနိုင်မှုမှာလည်း ကူဒက်စ်ရဲ့ထောင့်ကန်ဘောပေးပို့မှုမှတဆင့် ဗူစကိုဗစ်ရဲ့ခေါင်းတိုက်ချက်က အဓိကနေရာမှ ပါဝင်ခဲ့ပါတယ်။

တော့တင်ဟမ်အသင်းဝက်ဘ်ဆိုဒ်နဲ့တွေ့ဆုံချိန် နောက်ဆုံးခေါ်ယူထားတဲ့ ကစားသမားသစ်ထံမှ မြင်တွေ့ခဲ့ရတဲ့အရာတွေကို သောမတ်စ်ဖရန့်ခ် သဘောကျနေခဲ့ပါတယ်။ ဒိန်းမတ်သားနည်းပြက “ ဒီနေရာမှာ အပေါင်းလက္ခဏာဆောင်တဲ့အရာတွေ အများကြီးရှိခဲ့တယ်လို့ တွေးမိပါတယ်။

အမှန်ပါပဲ၊ ကူဒက်စ်နဲ့သာ စတင်လိုက်မယ်ဆိုရင် သူက အသင်းအတွက် အသစ်လွင်ဆုံးကစားသမားတစ်ဦး ဖြစ်လာပါမယ်။ သူ့ကိုစောင့်ကြည့်ရတာ စိတ်လှုပ်ရှားစရာကောင်းပါတယ်။ သူ့ကိုယ်သူဖော်ပြပေးနိုင်တဲ့ အရမ်းကောင်းမွန်တဲ့လုပ်ဆောင်ချက် လေးငါးခုလောက်လည်း ရှိခဲ့ပါတယ်။ သူ့က ကိုယ်ပိုင်အမြန်နှုန်း၊ တစ်ဦးချင်းစွမ်းရည်တွေနဲ့အတူ တိုက်စစ်အထိ လိုက်ပါကစားနိုင်ပါတယ်။

ဒါက အပြုသဘောဆောင်ပါတယ်။ အခြားသူတွေလည်း ရှိပါသေးတယ်။ ကျွန်တော် ဒီအသင်းဆီ မရောက်ရှိခင်အချိန်အထိ သူတို့အားလုံးကို နှစ်ပေါင်းများစွာကြာ စောင့်ကြည့်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ အခုလို အတူတကွဖြတ်သန်းလာရချိန်မှာတော့ အသေးစိတ်အချက်အလက်တွေကိုပါ ရရှိလာခဲ့ပါတယ်။

လူကာဗူစကိုဗစ်လည်း ချီးကျူးမှုတွေနဲ့ ထိုက်တန်ပါတယ်။ အတော်လေးကောင်းမွန်တဲ့ ခေါင်းတိုက်ချက်တစ်ခုပါ။ သူ့ရဲ့ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုနဲ့ ဘောလုံးအပေါ်ထားရှိတဲ့အာရုံစူးစိုက်မှုတွေကို ပြသနိုင်ခဲ့ပါတယ်။ ပြိုင်ဘက်နဲ့နီးနီးကပ်ကပ်ရင်ဆိုင်ကစားရချိန်မှာလည်း တည်ငြိမ်မှုမပျက်ပြားသွားခဲ့ပါဘူး။ တကယ့်တိုက်စစ်မှူးကောင်းတစ်ဦးပါ”လို့ ပြောပါတယ်။