ဘိုလော့ဂ်နာက ထွက်ခွာပြီးနောက် ဂျူဗင်တပ်စ်နှင့် ၃ နှစ်စာချုပ် ချုပ်ဆိုရန် အဆင်သင့်ဖြစ်နေတဲ့ သီယာဂိုမော့တာ
သီယာဂိုမော့တာဟာ ဘိုလော့ဂ်နာမှ ထွက်ခွာပြီးနောက် ၃ နှစ်စာချုပ်ဖြင့် ဂျူဗင်တပ်စ်သို့ ပြောင်းရွှေ့ရန် အဆင်သင့်ဖြစ်နေပြီဖြစ်ပါတယ်။
ဘာစီလိုနာနှင့် ပီအက်စ်ဂျီကြယ်ပွင့်ဟောင်းဟာ လက်ရှိတွင် ပေါ်တူဂီမှာရှိနေပြီး ဂျူဗင်တပ်စ်နှင့် ၂၀၂၇ ခုနှစ် ဇွန်လအထိ သက်တမ်းရှိမယ့် သဘောတူညီမှုစာချုပ်ကို အင်္ဂါနေ့တွင် ချုပ်ဆိုနိုင်ရန် မျှော်လင့်ထားကြောင်း ဖာဘရီဇီယိုရိုမန်နိုက ဖော်ပြထားပါတယ်။ စည်းမျဥ်းစည်းကမ်းများ ပြီးသည်နှင့်တစ်ပြိုင်နက် စီးရီးအေ ဘီလူးကြီးတွေဟာ အီတလီသားကို အသင်းရဲ့နည်းပြသစ်အဖြစ် တရားဝင် ကြေညာတော့မှာ ဖြစ်ပါတယ်။
မော့တာဟာ ဘိုလော့ဂ်နာကို ယခုရာသီ စီးရီးအေတွင် ပဉ္စမနေရာအထိ တက်လှမ်းနိုင်ရန် ဦးဆောင်ရာတွင် အရေးပါခဲ့ကာ ချန်ပီယံလိဂ်ဝင်ခွင့်ရလုနီးပါးအထိ ဖြစ်စေခဲ့ပါတယ်။ သို့သော်လည်း အသက် ၄၁ နှစ်အရွယ်နည်းပြဟာ ၂၀၂၃-၂၄ ရာသီပြီးနောက်မှာတော့ အသင်းတွင် ဆက်နေထိုင်ရန် ငြင်းဆိုခဲ့ပါတယ်။
အီတလီလိဂ်တွင် တတိယနေရာရခဲ့တဲ့ ဂျူဗင်တပ်စ်ဟာ ကိုပါအီတာလီယာချန်ပီယံဖလားကို ရရှိပြီးနောက် ပွဲတာဝန်ရှိသူများနှင့် Tuttosport ရဲ့ အယ်ဒီတာချုပ်တို့ကို စွပ်စွဲပြောဆိုခဲ့တဲ့ နည်းပြအယ်လီဂရီနှင့် လမ်းခွဲခဲ့ပါတယ်။ စီးရီးအေဘီလူးကြီးဟာ လာမယ့်နွေရာသီတွင် အသင်းကိုပြန်လည် တည်ဆောက်ရန် ကြိုးပမ်းမှာဖြစ်ပြီး နည်းပြ မော့တာရဲ့ အတွေးအမြင်၊ အဆင့်မြှင့်တင်ထားတဲ့ ဖိကစားမှုပုံစံနှင့် ကိုက်ညီတဲ့ ကစားဟန်ပုံစံကို ကျင့်သုံးကာ သိသာထင်ရှားတဲ့ အပြောင်းအလဲများကို လုပ်ဆောင်ဖွယ်ရှိနေပါတယ်။