
စတုဂတ်နည်းပြကို စိတ်ဝင်စားနေတဲ့ ဖီနာဘာချီ
ဖီနာဘာချီအသင်းဟာ မော်ရင်ဟိုနေရာမှာအစားထိုးဖို့ စတုဂတ်နည်းပြ ဟိုနက်စ်ကို ခန့်အပ်ဖို့အလိုရှိနေပါတယ်။ ဒါပေမယ့်လည်း စတုဂတ်နည်းပြကတော့ အဆိုပါရာထူးကို ပယ်ချထားတယ်လို့ သိရပါတယ်။ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့လွဲချော်ခဲ့ပြီးနောက် မော်ရင်ဟို နဲ့ ဖီနာဘာချီတို့ကြား လမ်းခွဲခဲ့ကြတာဖြစ်ပါတယ်။
အခုချိန်မှာတော့ တူရကီကလပ်က နည်းပြသစ်ရှာဖွေနေပြီး ဟိုနက်စ်ကိုစိတ်ဝင်စားနေပေမယ့် နည်းပြကိုယ်တိုင်က စိတ်မဝင်စားတာဖြစ်ပါတယ်။တူရကီမီဒီယာတွေက ဖီနာဘာချီအသင်းဟာ ဟိုနက်စ်ကို မျက်စိကျနေတယ်လို့ ဖော်ပြနေကြပါတယ်။ စတုဂတ် နဲ့ ဖီနာဘာချီတို့ဟာ လာမယ့်စက်တင်ဘာ ၂၃ ရက်နေ့မှာ ယူရိုပါလိဂ်ပွဲအဖြစ် တွေ့ဆုံကြမှာဖြစ်ပါတယ်။
ဟိုနက်စ်ဟာ စတုဂတ်အသင်းကို ပြီးခဲ့တဲ့ရာသီတုန်းက ဂျာမန်ပိုကယ်ဖလားချန်ပီယံဖြစ်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီး ၁၈ နှစ်ဆက်ဆုဖလားလက်မဲ့ဖြစ်မှု ကို အဆုံးသတ်ပေးနိုင်ခဲ့ပါတယ်။ “ကျွန်တော် ဘာသတင်းမှမကြားသေးပါဘူး။ ကျွန်တော် ဘာမှလည်းမပြောချင်ပါဘူး။ ကျွန်တော့်အတွက် ပြဿနာမရှိပါဘူး။ အဲ့တာက မီဒီယာတွေပေါ်မှာပဲ ပျံ့နေတာပါ။ ဒါပေမယ့် ကျွန်တော့်အတွက် အဲ့တာက ပြဿနာမဟုတ်ပါဘူး”လို့ ဟိုနက်စ်က ဖြေကြားခဲ့ပါတယ်။
ဖီနာဘာချီအသင်းဘက်က ဟိုနက်စ်အပြင် တော့တင်ဟမ်နည်းပြဟောင်း ပိုစတီကိုဂလူကိုလည်း ပစ်မှတ်ထားနေပါတယ်။ ဒါပေမယ့် သြစတြီးသားကို လေဗာကူဆင်အသင်းကလည်း စိတ်ဝင်စားနေပါတယ်။