ဂျာမနီနဲ့ကွာတားဖိုင်နယ်ပွဲမတိုင်ခင် မိမိတို့အသင်းဟာ ယူရိုချန်ပီယံဆုအတွက် ရေပန်းစားနေတယ်လို့ စပိန်နည်းပြ ထုတ်ဖော်ပြောကြား
စပိန်နည်းပြ လူးဝစ်က ဂျော်ဂျီယာကိုအနိုင်ကန်ပြီး ကွာတားဖိုင်နယ်ကိုတက်ရောက်နိုင်ခဲ့ပြီးနောက် မိမိတို့အသင်းဟာ ယူရိုချန်ပီယံဆုအတွက် ရေပန်းစားကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယယ်။ဂျော်ဂျီယာအသင်းက ရော်ဘင်ရဲ့ Own goal နဲ့ စပိန်ကိုဦးဆောင်နိုင်ခဲ့ပေမယ့် ပထမပိုင်းမပြီးခင်မှာ ရိုဒရီက ချေပဂိုးပြန်သွင်းယူပေးခဲ့ပြီး အဲ့နောက် ဖေဘီယန် ၊ နီကိုဝီလီယံ ၊ အိုလ်မိုတို့ရဲ့ဂိုးတွေနဲ့ စပိန်က အနိုင်ရခဲ့ပါတယ်။
ကွာတားဖိုင်နယ်မှာ စပိန်က ဂျာမနီအသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပြီး အဲ့နောက် ဆီမီးဖိုင်နယ်မှာ ပေါ်တူဂီ ဒါမှမဟုတ် ဆလိုဗေးနီးယား ဒါမှမဟုတ် ပြင်သစ် ၊ ဘယ်လ်ဂျီယံတစ်သင်းသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။လူးဝစ်ရဲ့အသင်းဟာ အခုယူရိုမှာပြိုင်ပွဲအားလုံးအနိုင်ရထားတဲ့တစ်သင်းတည်းသောအသင်းဖြစ်ပြီး စွမ်းဆောင်ရည်ကောင်းတွေပြသထားနိုင်ခဲ့ပါတယ်။
“ဒီပွဲက ၈-၁ ဒါမှမဟုတ် ၉-၁ လောက်ဖြစ်သင့်တာပါ။ ကျွန်တော်တို့ပစ်မှတ်က နောက်ပွဲကိုအနိုင်ရဖို့ပါ။ ဂျာမနီနဲ့ကန်ရမယ်ဆိုတာ သိပါတယ်။ အခြားကစားသမားတွေကို လေးစားပြီးသားပါ။ကျွန်တော်တို့မှာ ကမ္ဘာ့အကောင်းဆုံးအသင်းနဲ့ကစားသမားတွေရှိနေပါတယ်။ အဲ့တာက သေချာပေါက်အနိုင်ရမယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့အဲ့တာအတွက် တိုက်ပွဲဝင်မှာပါ။ အသင်းအားလုံးက အပြစ်အနာအဆာတွေရှိပါတယ်။
ကျွန်တော်တို့မှာလည်း အဲ့လိုမျိုးအရာတွေရှိပါတယ်။ ဂျာမနီက အသင်းကောင်းတစ်သင်းပါ။ သူတို့မှာ တစ်ဦးချင်းကောင်းမွန်တဲ့ကစားသမားတွေရှိသလို အသင်းလိုက်လည်း ကစားတာအရမ်းကောင်းပါတယ်။ကျွန်တော်တို့ဆင်တူတဲ့အသင်းမျိုးနဲ့ကန်ရမှာဖြစ်တာကြေယင့် ခက်ခဲမှုတွေရှိနိုင်ပါတယ်။ ကျွန်တော်တို့ လုပ်နိုင်မယ်ဆိုတာ ကိုယ့်ကိုကိုယ်ယုံကြည်မှုအပြည့်ရှိပါတယ်”လို့ လူးဝစ်က ပြောကြားခဲ့ပါတယ်။
ရိုဒရီကလည်း မိမိတို့အနေနဲ့ ဂျာမနီကိုထိတ်လန့်နေမှာမဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။ “ကောင်းလား ဒါမှမဟုတ် ဆိုးလား ကျွန်တော်တို့မသိပါဘူး။ အသင်းတိုင်းက ကောင်းကြပါတယ်။ ဆက်လက်စောင့်ကြည့်ရမှာပါ။ဂျာမနီက အိမ်ရှင်ဖြစ်တာကြောင့် သန်မာတဲ့အသင်းတစ်သင်းဖြစ်နေပါတယ်။ ကျွန်တော်တို့ ကြောက်ရွံ့နေမှာမဟုတ်ပါဘူး။ ကျွန်တော်တို့ နောက်တစ်ဆင့်တက်ချင်တယ်ဆိုရင် ဒီလိုပွဲမျိုးမှာအနိုင်ကန်ဖို့ လိုအပ်ပါတယ်။ကျွန်တော်တို့မှာရှိသမျှအရာအားလုံးနဲ့ ကြိုးစားသွားမှာပါ။ ဂျာမနီနဲ့ပွဲက ဂျော်ဂျီယာနဲ့ပွဲကလိုမဟုတ်ပဲ အရမ်းခက်ခဲနိုင်ပါတယ်”လို့ ရိုဒရီက ပြောကြားခဲ့ပါတယ်။