ယူရို ၂၀၂၄ က ခြေစွမ်းကြောင့် ချဲလ်ဆီးစတားကို အံ့အားသင့်နေတဲ့ စပိန်နဲ့ မန်စီးတီးကွင်းလယ်လူ ရိုဒရီ
၁၆ သင်းအဆင့်မှာ ဂျော်ဂျီယာကို ၄-၁ ဂိုးနဲ့ အနိုင်ယူပြီးနောက် စပိန်ဟာ ယူရို ၂၀၂၄ ကွာတားဖိုင်နယ်အဖြစ် သောကြာနေ့မှာ အိမ်ရှင် ဂျာမနီနဲ့ ကစားဖို့ ပြင်ဆင်နေပါတယ်။
ကူကူရယ်လာဟာ ၂၀၂၂ ခုနှစ် သြဂုတ်လတွင် ဘရိုက်တန်မှ ပေါင် ၆၂ သန်းဖြင့် ချဲလ်ဆီးသို့ ပြောင်းရွှေ့လာပြီးနောက် ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်နေရပါတယ်။ သို့သော်လည်း အသက် ၂၅ နှစ်အရွယ် ကစားသမားဟာ ယူရို ၂၀၂၄ တွင် စပိန်ရဲ့ပထမအသင်းရွေးချယ်မှုမှာ ဘယ်နောက်ခံလူအဖြစ် လုပ်ဆောင်ထားနိုင်ပြီး မန်စီးတီးကွင်းလယ်လူ ရိုဒရီက ချဲလ်ဆီးနောက်ခံလူအား ယခုကဲ့သို့ အံ့အားသင့်ဖွယ်ကောင်းတဲ့ စွမ်းဆောင်ရည်များ ပြသရန် မမျှော်လင့်ထားကြောင်း ဝန်ခံခဲ့ပါတယ်။
စပိန်အသင်းမှာ ဘယ်ကစားသမားက သူ့ကို အံ့အားသင့်စေသလဲလို့ မေးမြန်းရာ ရိုဒရီက "သူတို့အားလုံးကို သိပါတယ်။ ဒါပေမယ့် ကူကူရယ်ရဲ့အဆင့်ကိုတော့ သိပ်မသိပါဘူး" "ကျွန်တော် သူ့ကို သိထားပြီးသားဖြစ်ပေမယ့် ယူရိုပြိုင်ပွဲမှာ သူပြသနေတဲ့ အဆင့်က ကျွန်တော်တို့ကို အထူးသဖြင့် ခံစစ်ပိုင်းမှာ အများကြီး ကူညီပေးနေပါတယ်" "ကျွန်တော် ဒါကို သဘောကျပါတယ်။ သူက ဒီအဆင့်မှာ ဆက်ရှိနေဖို့ မျှော်လင့်ပါတယ်" လို့ El Partidazo de Cope ဖြေကြားခဲ့ပါတယ်။
လက်ရှိ စပိန်အသင်းနဲ့ ၂၀၂၂ ကမ္ဘာ့ဖလားနောက်ဆုံး ၁၆ သင်းအဆင့်မှာ မော်ရိုကိုက ရှုံးခဲ့တဲ့အသင်းကြားမှာ အဓိက ကွာခြားချက်ရှိတယ်လို့ ရိုဒရီက ယုံကြည်နေပါတယ်။ "ကျွန်တော်တို့ရဲ့ စပိန်က မတူညီတဲ့အရာတွေကို ရှင်းရှင်းလင်းလင်း တွေ့နေရပါတယ်" "အခုချိန်မှာတော့ ရင့်ကျက်မှု လိုအပ်မယ့် ခက်ခဲတဲ့ပွဲတွေ ရှိလာပါပြီ" "အခု တကယ့်အဆုံးအဖြတ်ပွဲတွေ လာနေပြီလို့ ကျွန်တော်ထင်ပါတယ်။ ရှေ့တစ်လှမ်းတိုးဖို့ လိုမယ်ထင်တယ်။ အဲဒီ့မှာ ကျွန်တော်တို့ကို စမ်းသပ်သွားပါမယ်" "ကျွန်တော်တို့ လုပ်ခဲ့တာတွေက အရမ်းကောင်းပေမယ့် ရိုးရိုးသားသားပြောရရင် အသင်းထွက်ခွာသွားရရင်တော့ တန်ဖိုးမရှိတော့ပါဘူး" လို့ ရိုဒရီက ပြောကြားခဲ့ပါတယ်။
ရိုဒရီဟာ ပြီးခဲ့တဲ့ရာသီက လေးကြိမ်ဆက်ပရီးမီးယားလိဂ်ချန်ပီယံဆုကို ဆက်တိုက်ရယူနိုင်ခဲ့တဲ့ မန်စီးတီးနှင့် စပိန်ကြား အဓိကကွာခြားချက်များကိုလည်း ရှင်းပြခဲ့ပါတယ်။ "အစကတည်းက အသင်းတွေကို နည်းပြက တည်ဆောက်တာမဟုတ်ဘဲ ကစားသမားယူလာတဲ့ တစ်ဦးချင်းအရည်အသွေးကြောင့်ပါ" "နောက်ဆုံးတော့ ကျွန်တော်တို့မှာ အရမ်းအရေးကြီးတဲ့ အလှည့်အပြောင်းတစ်ခု ရှိပါတယ်။ ဒါကပဲ ကျွန်တော်တို့အဖွဲ့ကို ဖော်ဆောင်ရ ခက်ခဲစေတာပါ" လို့ ရိုဒရီက ရှင်းပြပါတယ်။