အင်္ဂလန်နည်းပြဘ၀ အကြိုက်ဆုံးအခိုက်အတန့်တစ်ခုကို ထုတ်ဖော်ပြောကြားလာတဲ့ ဆောက်ဂိတ်
အင်္ဂလန်အသင်းနည်းပြဟောင်း ဆောက်ဂိတ်က သူ့ရဲ့အင်္ဂလန်နည်းပြဘဝအကြိုက်ဆုံးအခိုက်အတန့်တစ်ခုကို ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ဆောက်ဂိတ်ဟာ ယူရို ၂၀၂၄ ဖိုင်နယ်မှာ စပိန်ကိုအရေးနိမ့်ပြီးနောက် နိုင်ငံအသင်းကနေ ထွက်ခွာခဲ့တာဖြစ်ပါတယ်။
အသက် ၅၄ နှစ်သားဟာ အင်္ဂလန်အသင်းနဲ့အတူ ဆုဖလားအောင်မြင်မှုမရခဲ့ပေမယ့် အသင်းကို ယူရိုဖိုင်နယ် ၂ ကြိမ်ဆက်အပြင် ကမ္ဘာ့ဖလားမှာ စွမ်းဆောင်ရည်ကောင်းတွေပြသနိုင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် နည်းပြဘ၀ အကြိုက်ဆုံးအခိုက်အတန့်အဖြစ် ဒိန်းမတ်ကို ၂-၁ နဲ့အနိုင်ရခဲ့တဲ့ပွဲက ကိန်းရဲ့အချိန်ပိုသွင်းဂိုးနဲ့ ဆီမီးဖိုင်နယ်မှာ အနိုင်ရခဲ့တာကို အမှတ်ရမိတယ်လို့ ပြောကြားခဲ့ပါတယ်။
အင်တာဗျူးတစ်ခုမှာ ဆောက်ဂိတ်က “အင်္ဂလန်နည်းပြဘ၀ ကျွန်တော့်အကြိုက်ဆုံးအခိုက်အတန့်လားဗျ?။ ဒိန်းမတ်ကို ဝင်ဘာလေမှာ အနိုင်ရခဲ့တဲ့အခိုက်အတန့်ပါ။ ကျွန်တော်ဆိုလိုတာက ဆီမီးဖိုင်နယ် ၂ ကြိမ်စလုံးကို ကျွန်တော်တို့ အံ့ဖွယ်အနေအထားနဲ့အနိုင်ရခဲ့ပါတယ်။
ဟော်လန်ကိုနောက်ဆုံးမှာအနိုင်ရခဲ့ပါတယ်။ ပထမက ဒိန်းမတ်ပါ။ ဒါပေမယ့် ကျွန်တော် အဲ့အချိန်မှာနားလည်လိုက်တာက ကျွန်တော်တို့ ၅၅ နှစ်အတွင်း ပထမဆုံးဖိုင်နယ်ကို တက်ရောက်နိုင်တော့မယ်ဆိုတာပါ။ ကျွန်တော်တို့ သမိုင်းမှတ်တိုင်တွေစိုက်ထူနိုင်ခဲ့ပါတယ်။ ပြီးတော့ အဲ့တာက ပရိသတ်တွေအတွက်ကော နိုင်ငံအတွက်ပါ ဘယ်လောက်အဓိပ္ပာယ်ရှိလဲဆိုတာ မြင်နိုင်ပါတယ်။
ကွင်းထဲမှာတင်မဟုတ်ပဲ အဲ့နောက်ပိုင်းနေ့တွေမှာလည်း ကျွန်တော်တို့ ဖိုင်နယ်ကို ဦးဆောင်စေခဲ့ပါတယ်။ ကိုဗစ်အခြေအနေကလည်း ပြီးဆုံးခါစဆိုတော့ လူတွေပြည့်နေခဲ့ပြီး ကျွန်တော်တို့ ဝင်ဘာလေကို သွားခဲ့ကြပါတယ်။ အဲ့တာက တကယ့်အံ့ဖွယ်အတွေ့အကြုံပါ”လို့ ဆောက်ဂိတ်က ပြောပြခဲ့ပါတယ်။ အသက် ၅၄ နှစ်သားဟာ တန်ဟက်မထွက်ခွာခင်တုန်းက ယူနိုက်တက်အသင်းက ချိတ်ဆက်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။
ဒါပေမယ့် အဲ့ကတည်းက သူ့အနေနဲ့ ရာသီကုန်လောက်အထိ နည်းပြဘဝကို ပြန်လာဖို့ အစီအစဉ်မရှိကြောင်း အတည်ပြုပြောကြားခဲ့ပါတယ်။