The network connection is lost.

Banner Image

အနာဂတ်နဲ့ပတ်သက်ပြီး ဖွင့်ဟပြောကြားလိုက်တဲ့ အိုင်ဗန်တိုနေး

ဘရန့်ဖို့ဒ်တိုက်စစ်မှူး အိုင်ဗန်တိုနေးက လက်ရှိမှာ အင်္ဂလန်အသင်းနဲ့အတူ ယူရိုပြိုင်ပွဲမှာ ပါဝင်ကစားနေကာ သူ့အနာဂတ်နဲ့ပတ်သက်ပြီး ဖွင့်ဟပြောကြားလိုက်ပါတယ်။ ဘရန့်ဖို့ဒ်နည်းပြ ဖရန့်ခ်က ဘီဘီစီနဲ့အင်တာဗျူးမှာ တိုနေးရဲ့အနာဂတ်အကြောင်း ထုတ်ဖော်ပြောကြားခဲ့သလို လက်ရှိမှာ သူ့နေရာအတွက် အီဂေါကိုခေါ်ယူထားပြီးဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

အင်္ဂလန်သားကို ပြီးခဲ့တဲ့ရာသီကတည်းက ချဲလ်ဆီးနဲ့ အာဆင်နယ်အပါအဝင် အသင်းတော်တော်များများက ချိတ်ဆက်နေခဲ့တာဖြစ်ပါတယ်။  အသက် ၂၈ နှစ်သားကတော့ လက်ရှိမှာ အနာဂတ်ထက် ယူရိုပြိုင်ပွဲအတွက်ပဲ အာရုံစိုက်နေတယ်လို့ ပြောကြားခဲ့ပါတယ်။

“သူ ဒီလိုမျိုးပြေတာကို ကျွန်တော်မကြားမိပါဘူး။ အနာဂတ်အတွက် ကျွန်တော် မခန့်မှန်းနိုင်ပါဘူး။ ကျွန်တော်အခုတော့ နိုင်ငံအသင်းအတွက်ပဲ အာရုံစိုက်ထားသလို အကောင်းဆုံးလုပ်ဆောင်နေပါတယ်။  ကျွန်တော်   အပြောင်းအရွှေ့သတင်းတွေ ကြားသလို စကားပြောဆိုတာတွေရှိပါတယ်။ လက်ရှိမှာ အင်္ဂလန်အသင်းအတွက်ပဲ အာရုံစိုက်ထားပါတယ်။ ဘာတွေပဲဖြစ်ဖြစ် အင်္ဂလန်အသင်းအတွက် အကောင်းဆုံးလုပ်ဆောင်ရမှာပါ။ ကျွန်တော် မထိန်းချုပ်နိုင်တာတွေရှိပါတယ်။ အသက် ၁၈ နှစ်ကတည်းက ဝုဗ်အသင်းကို အားပေးလာတာပါ။ အဲ့အသင်းကို ရောက်ဖို့ဖြစ်လာခဲ့လို့ စိတ်လှုပ်ရှားခဲ့ပေမယ့် အဲ့နောက် မဖြစ်လာတဲ့အနေအထားမှာ ကျွန်တော် နာကျင်မိပါတယ်။ နောက်ပိုင်းမှာ ဒီလိုထိန်းချုပ်လို့မရတဲ့အရာတွေအတွက် ငါဘာကြောင့် ဖိအားတွေယူနေမှာလဲဆိုပြီး တွေးမိပါတယ်။ အဲ့ကတည်းက ကျွန်တော် ဘာမှသိပ်မတွေးတော့ပဲ ကွင်းထဲမှာပဲ အာရုံစိုက်ပါတော့တယ်”လို့ တိုနေးက ပြောကြားခဲ့ပါတယ်။

ဘရန့်ဖို့ဒ်စတားဟာ ဆောက်ဂိတ်လက်အောက်မှာ ပွဲထွက်ခွင့်ရဖို့ မျှော်လင့်နေပြီး ဆလိုဗေးနီးယားနဲ့ပွဲမှာ ပါဝင်လာနိုင်ဖို့ မျှော်လင့်နေပါတယ်။