The network connection is lost.

Banner Image

အသင်းစတားတစ်ဦးနဲ့ပတ်သက်ပြီး ဝန်ခံပြောကြားလာတဲ့ လီဗာပူးနည်းပြ စလော့

လီဗာပူးနည်းပြ စလော့က သူ့အနေနဲ့ အာနိုးလ်ရဲ့လေ့ကျင့်ခန်းအစီအစဉ်က လုပ်အားနှုန်းနဲ့ပတ်သက်ပြီး အမြဲတမ်းမပျော်မရွှင်ဖြစ်မိတယ်လို့ ဝန်ခံပြောကြားလိုက်ပါတယ်။အာနိုးလ်ဟာ အခုနွေရာသီမှာ ၂၁ နှစ်ကြာဖြတ်သန်းခဲ့တဲ့ ငယ်ဘဝက လီဗာပူးကိုစွန့်ခွာတော့မှာဖြစ်ပြီး ရီးရဲလ်အသင်းထံ အလွတ်နဲ့ပြောင်းရွှေ့တော့မှာဖြစ်ပါတယ်။

ကလော့ပ်ထွက်ခွာပြီးနောက် နည်းပြ စလော့က လီဗာပူးအသင်းကို ဆက်လက်တာဝန်ယူခဲ့တာဖြစ်ပြီး ပထမဆုံးရာသီမှာတင် ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရယူနိုင်ခဲ့ပါတယ်။အာနိုးလ်ဟာ ဒီရာသီလီဗာပူးအသင်းအတွက် အကျိုးအများကြီးမပြုခဲ့ပေမယ့် ပထမရာသီဝက်မှာတော့ အသင်းအတွက် အများကြီးစွမ်းဆောင်ပေးခဲ့ပါတယ်။ ဒါပေမယ့်လည်း နယ်သာလန်သားနည်းပြ ညာနောက်ခံလူ အာနိုးလ်ရဲ့လေ့ကျင့်ရေးကွင်းက ကျင့်ဝတ်ကို သဘောမကျဘူးလို့ အခိုင်အမာပြောကြားလာခဲ့ပါတယ်။

“ကျွန်တော် ကစားသမားအများစုနဲ့စကားပြောပါတယ်။ နေ့စဉ်တင်မဟုတ်ပဲ အများကြီးပါ။ တကယ်လို့ ကျွန်တော့်သူတို့ကို စကားပြောဖို့ အခွင့်အရေးပိုရလာခဲ့ရင် ပိုပြောဖြစ်ပါတယ်။ ထရန့်တ်အခြေအနေက ရှင်းလင်းပါတယ်။ ကျွန်တော် သူ့ကို လူသားတစ်ဦးအနေနဲ့ စကားပြောပါတယ်။ အဲ့တာက အတူတူတစ်စုံတစ်ခုအောင်မြင်အောင်လုပ်ဖို့ ပရိသတ်တွေနဲ့မတူညီတဲ့ပတ်ဝန်းကျင်တစ်ခုဖန်တီးဖို့ပါ။ ရာသီကြိုစတင်ချိန်မှာ သူက ကျွန်တော့်ရုံးခန်းထဲကို ဆာလက်နည်းတူ အများကြီးလာဖြစ်ခဲ့ပါတယ်။ သူထွက်ခွာတော့မယ်ဆိုတဲ့အကြောင်းပြောလာခဲ့ပါတယ်။ ဒါဆို ဘာလို့မပြောတာလဲ?။ ဖြစ်နိုင်တာက အဲ့တာက အလွန်ဆိုအတွက် ကျွန်တော့်ရဲ့ပထမဆုံးလက်ဆောင်ပါ။

ကျွန်တော် သူ့ရဲ့လေ့ကျင့်ရေးကွင်းက စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး မပျော်မရွှင်ဖြစ်မိပါတယ်။ သေချာတဲ့အခိုက်အတန့်တွေမှာ သူပိုလုပ်နိုင်မယ်လို့ ကျွန်တော်ခံစားရပါတယ်။
အဲ့နောက် ကျွန်တော်တို့အဲ့အကြောင်းပြောဖြစ်ခဲ့ပါတယ်။ ကျွန်တော်က သူ့ကို မင်းအနေနဲ့ အခြားလူတွေပြောနေတာထက် ပိုကောင်းတဲ့နောက်ခံလူဖြစ်နိုင်တယ်လို့ ပြောခဲ့ပါတယ်။
ဒါပေမယ့် မင်းကတစ်ချိန်လုံးအဲ့တာကို မပြသဘူးဖြစ်နေတယ်။ တကယ်လို့ သေချာလေးအာရုံစိုက်မယ်ဆိုရင် မင်းလောက်ကောင်းတဲ့နောက်ခံလူရှိလာမှမဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။

ဘာလို့လဲဆိုတော့ သူက လျင်မြန်ပြီး သန်မာတဲ့စိတ်ဓာတ်ပိုင်းဆိုင်ရာလည်း ရှိနေပါတယ်။ ဒါပေမယ့် မိနစ်တိုင်းမှာ အဲ့တာမျိုးပြသနေဖို့ လိုအပ်ပါတယ်”လို့ စလော့က ပြောကြားခဲ့ပါတယ်။
လီဗာပူးအသင်းဟာ လာမယ့်တနင်္ဂနွေနေ့မှာ ပဲလေ့စ်အသင်းနဲ့နောက်ဆုံးပွဲကန်ရမှာဖြစ်ပြီး အာနိုးလ်ပါဝင်ကစားမလားဆိုတာ မသေချာသေးတာဖြစ်ပါတယ်။ နယ်သာလန်သားနည်းပြကတော့ “ကျွန်တော် မဆုံးဖြတ်ရသေးပါဘူး။ လူတိုင်းက ဒီနေ့တစ်နေ့အတွက် စောင့်ဆိုင်းနေတာလို့ ထင်ပါတယ်။ အဲ့တာက ၃၅ နှစ်ရှိနေပါပြီ။ လူတိုင်းက အခုနေ့ကို စောင့်နေတာပါ။
တော့တင်ဟမ်အသင်းနဲ့ ဥပမာပေးချင်ပါတယ်။ အဲ့နေ့က အောင်ပွဲခံပုံမျိုး ကျွန်တော်ဘယ်တုန်းကမှမမြင်ဖူးပါဘူး”လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။