The network connection is lost.

Banner Image

ကိုပါဒဲရေး စိတ်လှုပ်ရှားဖွယ်ပွဲတွင် အက်သလက်တီကိုမက်ဒရစ်ရဲ့ ဇွဲလုံ့လကို ချီးကျူးလိုက်တဲ့ ဆီမြွန်နီ

ဒီရေဂိုဆီမြွန်နီက အင်္ဂါနေ့က ကိုပါဒဲရေးပွဲစဉ်အဖြစ် ဘာစီလိုနာ နှင့် ၄-၄ ဂိုးသရေကျခဲ့တဲ့ စိတ်လှုပ်ရှားဖွယ်ပွဲတွင် ဇွဲလုံ့လပြသခဲ့တဲ့ အက်သလက်တီကိုမက်ဒရစ် ကစားသမားများတွေကို ချီးကျူးခဲ့ပါတယ်။ ပွဲအစ ၆ မိနစ်အတွင်း ဂျူလီယန်အဲလ်ဗာရက်ဇ် နှင့် ဂရစ်ဇ်မန်း တို့ရဲ့ ဂိုးနှစ်ဂိုးဖြင့် အက်သလက်တီကိုမက်ဒရစ်က ဦးဆောင်ခဲ့သော်လည်း ဘာစီလိုနာက ချေပဂိုးတွေ ဦးဆောင်ဂိုးတွေကို ဆက်တိုက်သွင်းယူခဲ့ပါတယ်။

ဟန်စီဖလစ်ရဲ့ အသင်းဟာ နောက်ဆုံး ၁၀ မိနစ်အတွင်း ၄-၂ ဂိုးဖြင့် ဦးဆောင်ခဲ့သော်လည်း လော်ရန်တေး နှင့် ရှားလော့တို့ရဲ့ နောက်ကျဂိုးများကြောင့် စိတ်လှုပ်ရှားဖွယ် သရေကျခဲ့ပါတယ်။ ထိုပွဲဟာ ဧပြီလတွင် ကစားမယ့် နှစ်ကြိမ်မြောက် ပွဲစဉ်အတွက် ညီမျှနေပြီး ဆီမြွန်နီက နူးကမ့်တွင် သူတို့ရဲ့ ထင်ရှားတဲ့ စွမ်းဆောင်မှုကို အခြေခံပြီး ရှေ့ဆက်လုပ်ဆောင်ရန် ရည်ရွယ်ထားပါတယ်။

"ကျွန်တော့်အတွက် အထင်ရှားဆုံးက အသင်းရဲ့ စိတ်ဓာတ်ပါ။ ကစားသမားတွေမှာ စေ့ဆော်မှုပေးစရာ မယုံနိုင်လောက်အောင် စိတ်ဓာတ်ကောင်းတာတွေ ရှိပါတယ်" "ဘာစီလိုနာမှာ အထူးခြားဆုံး လက်နက်တွေ ရှိပါတယ် ဒါပေမယ့် ကျွန်တော်တို့မှာလည်း ကိုယ်ပိုင်လက်နက်တွေရှိပြီး ကျွန်တော်တို့က ဘာတွေလုပ်နိုင်တယ်ဆိုတာ ပြသခဲ့ပါတယ်" "စတုတ္ထမြောက်ဂိုးအတွက် ကျွန်တော်တို့ ဝမ်းသာအားရ ပျော်ရွင်ခဲ့ရပါတယ်"

"၄-၂ ဂိုး ရလဒ်က ပြန်လည်ပြင်ဆင်ဖို့ ခက်ခဲနေပုံရပြီး ကစားသမားတွေရဲ့ သတ္တိက မယုံနိုင်စရာပါပဲ သရေကျပြီးနောက် ဧပြီလ ၂ ရက်နေ့မှာ ပြန်လည်ကစားမယ့် ပွဲအတွက် ညီမျှအောင် ထားနိုင်ခဲ့ပါတယ်" "အသင်းက ကြီးမားတဲ့ စရိုက်လက္ခဏာကို ပြသခဲ့ပြီး အလွန်ကောင်းတဲ့ ပွဲကို ကစားခဲ့ကာ အမြဲတမ်း တူညီတဲ့ စိတ်ဓာတ်နဲ့ ပြိုင်ဆိုင်မှုပြင်းထန်စွာ ကစားခဲ့တယ်" လို့ အာဂျင်တီးနားနိုင်ငံသားနည်းပြက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါတယ်။

ထိုပွဲဟာ ဘာစီလိုနာ နှင့် အက်သလက်တီကိုမက်ဒရစ် တို့ကြား ၁၉၉၇ ခုနှစ် မတ်လက ကိုပါဒဲရေး တွင် ၅-၄ ဂိုး ရလဒ်ထွက်ခဲ့တဲ့ ပွဲစဉ်နောက်ပိုင်း ပြိုင်ပွဲတစ်ခုအတွင် စုစုပေါင်း ၈ ဂိုးအထိ သွင်းယူခဲ့တဲ့ ပထမဆုံးပွဲလည်းဖြစ်ပါတယ်။ သူ့ရဲ့ကစားသမားများကို ချီးကျူးသော်လည်း ဆီမြွန်နီက အသင်းရဲ့စွမ်းဆောင်မှုတွင် အချို့သောအပိုင်းများကို မကျေနပ်ခဲ့ပါဘူး။ အထူးသဖြင့် ဂိုး ၂ ဂိုးပေးလိုက်ရတာကို သဘောမကျ ဖြစ်ခဲ့တာပါ။

ကူဘာစီက ရာဖင်ဟာရဲ့ ဖြတ်တင်ပေးပို့မှုကနေ ခေါင်းတိုက်သွင်းယူခဲ့ပြီး ဘရာဇီးနိုင်ငံသားရဲ့ နောက်ထပ် ဖန်တီးပေးပို့မှုကနေ မာတီနက်ဇ်က ခဏအကြာတွင် ဂိုးသွင်းယူခဲ့ပါတယ်။ "ဘာစီလိုနာလိုအသင်းမျိုးက ဂိုးမသွင်းဘဲ ပွဲကို အဆုံးသတ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး ဒါပေမယ့် သူတို့က set pieces ကနေ ဂိုး ၂ ဂိုးသွင်းတာကို ကျွန်တော် သဘောမကျမိပါဘူး"

"ဒါက တစ်ဦးချင်းနဲ့ အသင်းတစ်ခုလုံးရဲ့ လုပ်ဆောင်မှုတွေပါ ကျွန်တော်တို့ ပြင်ဆင်ဖို့ လိုပါတယ်" "ဒါပေမယ့် ပွဲက ကစားဖို့ မလွယ်ကူပါဘူး ဒါပေမယ့် ကစားသမားတွေက စိတ်ဝင်စားတဲ့ ပြိုင်ဆိုင်မှုစိတ်ဓာတ်ကို ပြသခဲ့ပါတယ်"  လို့ ဆီမြွန်နီက ပြောကြားခဲ့ပါတယ်။