
The network connection is lost.

သတင်းတွေအရ ဆော်ဒီအာရေဗျကလပ်တွေဟာ နာပိုလီစတား အိုဆီမင်ကို ခေါ်ယူရေးမှာ ထိပ်ဆုံးက ဦးဆောင်နေသလို အခြားတစ်ဖက်မှာ သူ့ရဲ့အေးဂျင့်ဖြစ်သူဟာ တစ်တော့ဗီဒီယိုတွေကြောင့် တရားရင်ဆိုင်ရဖို့များနေပါတယ်။
တစ်တော့မှာ ဗီဒီယိုတွေထွက်ပေါ်လာခဲ့ပြီးနောက် အိုဆီမင်နဲ့ နာပိုလီတို့ကြား အနာဂတ်က မသေချာတဲ့ အနေအထားဖြစ်လာခဲ့ပါတယ်။ ဗီဒီယိုတစ်ခုမှာ ဘိုလော့ဂ်နာနဲ့ပွဲအတွင်း အိုဆီမင်ပင်နယ်တီလွဲချော်ခဲ့တာကို ဖော်ပြထားတာဖြစ်ပါတယ်။
အဆိုပါလွဲချော်မှုဟာ နာပိုလီအတွက် အရေးပါခဲ့ပြီး ဂိုးမရှိသရေကျခဲ့တာဖြစ်ပါတယ်။ ထွက်ပေါ်လာတဲ့ ဗီဒီယိုထဲမှာ ပင်နယ်တီ မလွဲချော်ခင်မှာ အသက် ၂၄ နှစ်သားဟာ ပင်နယ်တီကန်ဖို့ တောင်းခံနေတာကို ကြားခဲ့ရတာဖြစ်ပါတယ်။
ဒုတိယဗီဒီယိုမှာတော့ နာပိုလီအသင်းရဲ့ပုံရိပ်ကို ထိခိုက်စေခဲ့တာဖြစ်ပြီး အဆိုပါအခြေအနေကြောင့် အိုဆီမင်ရဲ့အေးဂျင့် ရောဘတ်တိုတစ်ယောက် အသင်းရဲ့တရားစွဲမှုနဲ့ရင်ဆိုင်ရဖွယ်ရှိနေပါတယ်။ မေးလ်စပေါ့တ်သတင်းဌာနရဲ့ အဆိုအရ ဆော်ဒီကလပ်တွေဟာ အိုဆီမင်ကို ဇန်နဝါရီမှာခေါ်ယူနိုင်ဖို့ ထိပ်ဆုံးက ဦးဆောင်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။
ဆော်ဒီကလပ်တွေဟာ နွေရာသီအပြောင်းအရွှေ့တုန်းက ငွေအများအပြားအသုံးပြုပြီး ကန်တီ၊ ဘန်ဇီးမား၊ လာပေါ်တီတို့လိုကစားသမားတွေကို ခေါ်ယူထားခဲ့ပါတယ်။ ရီးရဲလ်အသင်းကလည်း ဘန်ဇီးမားမရှိတော့တဲ့တိုက်စစ်ပိုင်းအတွက် အိုဆီမင်ကို ခေါ်ယူချင်နေပါတယ်။
လက်ရှိမှာတော့ ရီးရဲလ်အသင်းရဲ့ထိပ်တန်းဂိုးသွင်းရှင် နေရာကို ဘယ်လင်ဟမ်က ဦးဆောင်နေပါတယ်။ ချဲလ်ဆီးကလည်း အိုဆီမင်ကို စိတ်ဝင်စားနေပေမယ့် များပြားလှတဲ့လုပ်ခလစာကြောင့် ခေါ်ယူနိုင်ဖို့ ခက်ခဲဖွယ်ရှိနေပါတယ်။
ချဲလ်ဆီးအသင်းဟာ ကစားသမားအများအပြားအတွက် ပေါင် ၁ ဘီလီယံလောက်အထိ အသုံးပြုထားပေမယ့် လုပ်ခလစာကိုတော့ လျော့ချထားနိုင်တာဖြစ်ပါတယ်။