
ပြိုင်ဘက်ကစားသမားတွေ ပြစ်ဒဏ်ကျူးလွန်တဲ့အခါ ဘယ်လိုကိုင်တွယ်ဖြေရှင်းသလဲဆိုတာ ပြောပြလိုက်တဲ့ ဆာကာ
အာဆင်နယ်အသင်းမှာ ပုံစံကောင်းရရှိနေတဲ့ တောင်ပံကစားသမားဟာ ပရီးမီးယားလိဂ်မှာ ပြစ်ဒဏ်အကျူးလွန်ခြင်းအခံရဆုံး ကစားသမားတွေထဲက တစ်ဦးဖြစ်ပြီး နည်းပြ မိုက်ကယ် အာတီတာကဆိုရင် ဆာကာကို ကာကွယ်ပေးဖို့ ဒိုင်လူကြီးတွေဆီ တောင်းဆိုခဲ့ဖူးပါတယ်။
အသက် ၂၂ နှစ်အရွယ် ဆာကာဟာ ဒီရာသီမှာ ပြိုင်ပွဲစုံမှာ ၁၆ ဂိုးသွင်း ၁၂ ဂိုး ဖန်တီးပေးထားပြီး ဂန်းနားတွေအတွက် ကောင်းမွန်တဲ့ပုံစံနဲ့အတူ ပရီးမီးယားလိဂ် ၅ ပွဲမှာ ၇ ဂိုး သွင်းယူပေးထားပါတယ်။ သူ့ရဲ့ ခြေစွမ်းပြသမှုက အာဆင်နယ်အတွက် ကောင်းမွန်စေခဲ့ပြီး လီဗာပူးနဲ့ မန်စီးတီးတို့နဲ့အတူ အမှတ်ပေးဖလားပြိုင်ဆိုင်မှုသို့ ပြန်လည်တွန်းပို့နိုင်ခဲ့ပါတယ်။
beIN SPORTS နှင့် စကားပြောရာတွင် ဆာကာက ပြစ်ဒဏ်ကျူးလွန်ခံရခြင်းတွေကို ရင်ဆိုင်ရာတွင် ငြိမ်သက်စွာနေနိုင်တဲ့စွမ်းရည်ကို ပြောပြခဲ့ပြီး ကွင်းအတွင်း ထိပ်တိုက်တွေ့ရန် ဆုံးဖြတ်ပြီးနောက် နောက်ခံလူတွေက သူ့ကို ဘာကြောင့် ပစ်မှတ်ထားနေသလဲဆိုတာကို နားလည်ကြောင်း ပြောကြားထားပါတယ်။
"ကျွန်တော် ကွင်းထဲမှာ ကစားတဲ့အခါ ပျော်ဖို့ပဲရှိပါတယ်။ ပြီးခဲ့တဲ့ရာသီအနည်းငယ်မှာ ကျွန်တော်အများကြီး သင်ယူခဲ့ရတယ်လို့ ပြောရမှာပါ။ အတိုက်အခိုက်တွေ ပိုပြီးခံရလာကာ နောက်ခံလူတွေကလည်း ကျွန်တော့်ကို တားဆီးရတာကို ပိုပိုပြီးနှစ်သက်လာတဲ့အခါ သူတို့ထဲကအနည်းငယ်နဲ့ စကားပြောခဲ့ပြီး အခုနားလည်လာပါပြီ" "ဒါကြောင့် ကျွန်တော့်အတွက်ကတော့ ကျွန်တော့်ကို ဖြတ်ထုတ်ဖို့ တားဆီးဖို့ ကြိုးစားနေတဲ့ နောက်ခံလူတစ်ယောက်ကို တွေ့တဲ့အခါ သူကျွန်တော့်ကို တားမရသရွေ့တော့ ကျွန်တော် ရယ်မောနေတာ ဒါမှမဟုတ် ပြုံးရယ်နေတာပဲလို့ ချီးကျူးမိပါတယ်" "နောက်ခံလူက အကူအညီတောင်းရင် ဒါမှမဟုတ် ကျွန်တော့်ကို ခြိမ်းခြောက်မှုလို့ မမြင်ရင် တားဆီးချင်မယ်လို့ မထင်ပါဘူး။ ဒါကြောင့် သူတို့က ကျွန်တော့်ကို တားဆီးဖို့ ဖြတ်ထုတ်ဖို့ ကြိုးစားရင် ကျွန်တော် ရှောင်ထွက်သွားမှာပါ။ ရယ်မောပြီး ပွဲကိုဆက်ကစားသွားရုံပါပဲ။ ဘာကြောင့်လဲဆိုတော့ ဒါက ပွဲရဲ့အစိတ်အပိုင်းတစ်ခုလို့ ကျွန်တော်ထင်ပါတယ်"
"ကျွန်တော်နဲ့ သူတို့ကြားထဲမှာ ဒီလို့ပြောဆိုမှုတွေ ရှိနေသင့်တယ်လို့ ခံစားရတဲ့အတွက် နာမည်ကိုတော့ ထုတ်မပြောတော့ပါဘူး။ ဒါပေမယ့် ကျွန်တော် ပြိုင်ဘက်တွေနဲ့ စကားအနည်းငယ်ပြောဖြစ်ခဲ့ပါတယ်။ တစ်ခါတလေ ဒီကကစားသမားတွေကိုတောင် ခင်များတို့က ဘာလို့ ဒီလိုမျိုး လုပ်နေတာလဲ၊ ဘာကြောင့် ပြိုင်ဘက်ကစားသမားတွေကို ကျူးလွန်ချင်နေကြတာလဲလို့ မေးမိပါတယ်" "သူတို့က ကျွန်တော့်ကို နားလည်အောင် ရှင်းပြပြီး အဲ့ဒီလိုနားလည်လိုက်တာနဲ့ ပိုနားလည်ဖို့က ပိုလွယ်လာပါတယ်။ ဘယ်သူမှ ကျွန်တော်ကို ကြမ်းကြမ်းတမ်းတမ်း မဖြတ်ထုတ်သ၍ ကောင်းနေမှာဖြစ်ပြီး ကျွန်တော်ကလည်း ဒဏ်ရာမလိုချင်သလို နာကျင်မှုနဲ့အတူမကစားချင်ဘူး" လို့ ဆာကာက ပြောပါတယ်။
နောက်ခံလူတွေဟာ သူတို့ရဲ့အလုပ်ကို ရိုးရိုးရှင်းရှင်း လုပ်ဖို့ကြိုးစားနေတာဖြစ်ပြီး ဒါဟာ သူ့ရဲ့ စိတ်တည်ငြိမ်မှုနဲ့ အာရုံစူးစိုက်မှုကို အချိန်တိုင်း ထိန်းထားဖို့ အာရုံစိုက်စေခဲ့တာ ဖြစ်ပါတယ်လို့ ဆာကာက ပြောပါတယ်" "သေချာတာတစ်ခုက နောက်ခံလူက သူ့အလုပ်နဲ့အတူ သူ့ဂိုးပေါက်ကိုကာကွယ်ဖို့ပဲ ကြိုးစားနေပြီး ကျွန်တော်ကတော့ ကိုယ့်အလုပ်နဲ့ကိုယ် ဂိုးရရှိဖို့ ကြိုးစားနေတာပဲ။ ဒါကြောင့် ကျွန်တော်တို့အားလုံးက အသင်းအတွက် အကောင်းဆုံးဖြစ်အောင် ကြိုးစားနေကြတာပါ။ ခေါင်းပြုတ်သွားတဲ့အခါ ကောင်းကောင်းမကစားနိုင်ဘူးဆိုတာ သိတဲ့အတွက်ကြောင့် ဒေါသကို ထိန်းချုပ်ရမှာပါ။ ဒီကပြိုင်ဘက်တွေကို လျှို့ဝှက်ချက်မပေးထားဘူးလို့လည်း မျှော်လင့်ပါတယ်" လို့ ဆာကာက ပြောပါတယ်။