
နော်တင်ဟမ်ကိုအရေးနိမ့်ပြီး အံ့ဖွယ်အကြောင်းပြချက်ပေးလိုက်တဲ့ စီးတီးစတား
နော်တင်ဟမ်ဖောရက်စ်ကို အရေးနိမ့်ခဲ့ပြီးနောက် စီးတီးနောက်ခံလူ ဒီယက်စ်က အခုလိုမျိုးအရေးနိမ့်ခဲ့တာဟာ ကွင်းက အရမ်းခြောက်နေတာကြောင့်လို့ ဆင်ခြင်ပေးလိုက်ပါတယ်။ နော်တင်ဟမ်က အဆိုပါပွဲမှာ ဟက်ဆန်အိုဒွိုင်းလ်ရဲ့တစ်လုံးတည်းသောသွင်းဂိုးနဲ့အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ ဒီယက်စ်က မိမိတို့ဟာ ပွဲကိုထိန်းချုပ်နိုင်ခဲ့ပေမယ့် ကွင်းမြက်နှာပြင် ခြောက်သွေ့နေတာကြောင့် ဘောလုံးက လိုသလိုမရောက်ခဲ့ဘူးလို့ ဝန်ခံပြောကြားခဲ့ပါတယ်။
“ကွင်းမျက်နှာပြင်က ခြောက်သွေ့နေတာကြောင့် အနည်းငယ်ခက်ခဲခဲ့ပါတယ်။ အဲ့တာက ပြီးခဲ့တဲ့ရာသီ ဖူလ်ဟမ်နဲ့ပွဲတုန်းကနဲ့ဆင်တူပါတယ်။ ရာသီဥတုအခြေအနေပေါ်မူတည်ခဲ့တာပါ။ အမှန်တော့ ကွင်းမျက်နှာပြင်ကို သေချာလေးလုပ်ဆောင်ထားခဲ့သင့်တာပါ”လို့ ဒီယက်စ်က ပြောကြားခဲ့ပါတယ်။ ကိုင်လီဝေါ်လ်ကာလည်း ပြီးခဲ့တဲ့နှစ်ပွဲတုန်းက အခုလိုမျိုးပြောကြားခဲ့ပြီး ပွဲစီစဉ်တဲ့မန်နေဂျာကို စောဒဂတက်ခဲ့ပါတယ်။
လက်ကျန် ၁၀ ပွဲသာ ကျန်တော့တဲ့အနေအထားမှာ ဒီယက်စ်က အသင်းအဝတ်လဲခန်းကို အကောင်းဆုံးဦးဆောင်ချင်နေပါတယ်။ “အသင်းက သန်မာနေတယ်လို့ ကျွန်တော်ခံစားရပါတယ်။ အနည်းငယ်ပိုအာရုံစိုက်ပြီး ပေးဂိုးမပေးရအောင် အဆုံးသတ်သေချာအောင်လုပ်ဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် ဘောလုံးကိုလည်း လျင်လျင်မြန်မြန်ပို့ဆောင်ရပါမယ်။အသေးစိတ်တွေက အရေးပါပါတယ်။ ယေဘုယျအားဖြင့် ခင်ဗျားအနေနဲ့ အခြေအနေတစ်ခုကနေ နိုင်ပွဲ နဲ့ တိုက်ပွဲဝင်စိတ်အဖြစ် အသုံးချရပါမယ်။ ဒီနေ့လိုပွဲမျိုးဆိုရင် မလွယ်ကူပါဘူး။
ဒါပေမယ့် အဲ့တာက ကျွန်တော်တို့အတွက် စိန်ခေါ်မှုဖြစ်သလို အခုချိန်ကနေစပြီး ချန်ပီယံလိဂ်ဝင်ခွင့်အတွက် တိုက်ပွဲဝင်ရပါမယ်။ အဲ့တာ ဒီရာသီကျွန်တော်တို့ ပစ်မှတ်ပါ။ အရာအားလုံးလိုအပ်ပါတယ်။ တိုက်ပွဲဝင်စိတ်ဓာတ်ကော အသေးစိတ်တွေကအစ လိုအပ်ပါတယ်။ ဒီလိုနည်းနဲ့ဆိုရင် အနိုင်ရဖို့ဆိုတာ လုံးဝသံသယဖြစ်စရာမလိုပါဘူး။ အဲ့တာက ကျွန်တော်တို့ ဘယ်လိုအနိုင်ရခဲ့လဲဆိုတာရယ် ဘယ်လိုတိုက်ခိုက်ရမယ်ဆိုတာပါပဲ”လို့ ဒီယက်စ်က ထပ်လောင်းပြောကြားခဲ့ပါတယ်။