The network connection is lost.

Banner Image

ရိန်းဂျားစ်ကို အနိုင်ရရှိခဲ့ပြီးနောက် ယူနိုက်တက်ကစားသမား ၂ ဦးရဲ့ ဒဏ်ရာအခြေအနေကို စိုးရိမ်ကြောင်း ပြောကြားလိုက်တဲ့ အာမိုရင်

စကော့တလန်ကလပ်နှင့် ကစားခဲ့တဲ့ပွဲမှာ အချိန်ပို ၉၂ မိနစ်တွင် ဖာနန်ဒက်စ်က ဂိုးသွင်းယူခဲ့ပြီးနောက် ယူနိုက်တက်အား ယူရိုပါလိဂ်ရဲ့ ၁၆ သင်းအဆင့်သို့ တက်ရောက်နိုင်မည့် နေရာသို့ ပို့ဆောင်ပေးခဲ့ပါတယ်။ ယူနိုက်တက်ရဲ့အနိုင်ရရှိခဲ့မှုတွင် ပေးဆပ်ခဲ့ရတာတွေရှိခဲ့ပြီး ဒီလစ်ချ်နှင့် ယိုရိုတို့ ၂ ဦးစလုံး ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။ ပထမပိုင်းမှာ အာမိုရင်ဟာ ဒီလစ်ချ်ကို လူစားလဲဖို့ဆုံးဖြတ်ခဲ့ပြီး ပွဲကစားချိန် ၅၅ မိနစ်မှာတော့ ယိုရိုကို လူစားလဲခဲ့ပါတယ်။

ပွဲအပြီးမှာ အာမိုရင်က TNT Sports သို့ "ဒီလစ်ချ်က သူ့ရဲ့ခြေထောက်မှာ နာကျင်ခဲ့ပြီး ယိုရိုကလည်း အဲ့ဒီလိုဖြစ်ခဲ့တာပါ" "ကျွန်တော်တို့က ဘာကိုမှ မစွန့်စားနိုင်ပါဘူး။ အနိုင်ရအောင်လုပ်ရမယ်ဆိုတာ သိပေမယ့် ကစားသမားတွေကို ကျွန်တော်တို့ဂရုစိုက်ရမှာပါ" လို့ ပြောပါတယ်။

MUTV နှင့် ပြုလုပ်ခဲ့တဲ့ ပွဲအပြီးအင်တာဗျူးမှာ အာမိုရင်က "ဒီလစ်ချ်က နာကျင်နေတာပါ။ ဒါကြောင့် သူ့ကို မစွန့်စားချင်ပါဘူး။ ယိုရိုကလည်း နာကျင်ခဲ့ပြီး သူ့ကိုလည်း လူစားလဲလိုက်တာပါ" "ကျွန်တော်တို့မှာ မတူညီတဲ့ ကစားသမားများစွာရှိပြီး ကစားနိုင်တာကြောင့် လုပ်လိုက်တာပါ။ ဘယ်ကစားသမားကိုမှ မဆုံးရှုံးချင်ပါဘူး"

"အားလုံးက ပြင်ဆင်ထားရမှာပါ ကျွန်တော်ကတော့ ကစားသမားတွေကို အချိန်ကြာမြင့်စွာ အသုံးပြုနေခြင်းထက် ယုံကြည်မှုကို ပိုပြစေချင်ပါတယ် နောက်ပြီး ကျွန်တော်တို့မှာ ကစားနိုင်တဲ့ အခြားသူတွေလည်း ရှိနေပါတယ်" လို့ ပြောပါတယ်။ တနင်္ဂနွေနေ့က ဘရိုက်တန်အား ရှုံးနိမ့်ခဲ့တဲ့ပွဲတွင် ဒဏ်ရာရရှိခဲ့တဲ့ မာဇာရာဝီကတော့ ရိန်းဂျားစ်နဲ့ပွဲမှာ မပါဝင်နိုင်ခဲ့ပါဘူး။ အနိုင်ရရှိမှုနှင့်ပတ်သက်ပြီး အာမိုရင်က ဝန်ခံမှုလုပ်ခဲ့ပြီး သူ့ရဲ့အသင်းဟာ ရိန်းဂျားစ်နဲ့ပွဲမှာ အကောင်းဆုံးပုံစံမှာ မရှိခဲ့ပါဘူးလို့ ပြောပါတယ်။

"ကျွန်တော်တို့က အကောင်းဆုံးပုံစံနဲ့ မကစားနိုင်ခဲ့ပါဘူး။ သို့သော်လည်း ပြီးခဲ့တဲ့ပွဲစဉ်ကထက် တိုးတက်လာခဲ့ပါတယ်" "ပြိုင်ဘက်ကလည်းမတူပါဘူး၊ မြန်နှုန်းကလည်း ကွာပါတယ်။ အားလုံးက မတူညီပါဘူး။ သို့သော်လည်း သူတို့တွေက ကြိုးစားခဲ့ပြီး ဒါကို နောက်တစ်ကြိမ်ထပ်မြင်ရနိုင်ပါတယ်" "လေ့ကျင့်ရေးကအတိုင်း ကျွန်တော်တို့ လုပ်နိုင်ခဲ့ပါတယ်။ သင့်တော်တဲ့အချိန်မှာ ကျွန်တော်တို့က ပိုပြီး ကောင်းအောင်လုပ်ဖို့လိုနေပါသေးတယ်။ ဒါက အသင်းအတွက် အကူအညီဖြစ်ခဲ့ပါတယ်" လို့ အာမိုရင်က ပြောပါတယ်။