The network connection is lost.

Banner Image

ယူရိုပြိုင်ပွဲအတွက် အဆင်သင့်ဖြစ်နေပြီလို့ သက်သေပြသွားတဲ့ စီရော်နယ်ဒို

ဒီနေ့မနက်ပိုင်း၊ အိုင်ယာလန်အသင်းကို ပေါ်တူဂီအသင်း ၃-၀ ဂိုးဖြင့် အနိုင်ယူခဲ့တဲ့ ခြေစမ်းပွဲစဉ်မှာ အံ့မခန်းကန်ချက်နှစ်ခုဖြင့် သွင်းဂိုးနှစ်ဂိုး ရယူနိုင်ခဲ့ပြီးနောက် စီရော်နယ်ဒိုက ယူရို-၂၀၂၄ ပြိုင်ပွဲကြီးအတွက် အဆင်သင့်ဖြစ်နေပြီလို့ ကြေညာလိုက်ပါတယ်။
 
အသက်-၃၉ နှစ်အရွယ်ကစားသမားက ပေါ်တူဂီလက်ရွေးစင်အသင်းအတွက် ၂၀၇ ပွဲအထိ ကစားပေးထားကာ ၁၃၀ ဂိုး သွင်းယူပေးထားပါတယ်။ ဒီနေ့မနက်ပိုင်း၊ Aveiro မြို့မှာကစားတဲ့ ခြေစမ်းပွဲစဉ်မှာ အိမ်ရှင်ပေါ်တူဂီအတွက် အဖွင့်ဂိုးကို ပွဲချိန် ၁၈ မိနစ်မှာပဲ ဂျာအိုဖီးလစ်က အိုင်ယာလန်ဂိုးသမား ကလယ်ဟာ မကာကွယ်နိုင်အောင် လှလှပပဝေ့ဝိုက်ကန်သွင်းယူခဲ့ပါတယ်။ ဒါပေမယ့် ဒုတိယပိုင်းစတင်လာချိန်မှာပဲ စီရော်နယ်ဒိုရဲ့အားပါးပြင်းထန်လှတဲ့ အဝေးကန်ချက်နဲ့အတူ ပေါ်တူဂီအသင်း ဒုတိယမြောက်ဦးဆောင်ဂိုး ရရှိခဲ့ပါတယ်။
 
ဆက်လက်ပြီး ပေါ်တူဂီအသင်းရဲ့အစဉ်စိမ်းလန်းတောက်ပနေတဲ့ ကပ္ပတိန်က ဂျိုတာရဲ့ဖန်တီးပေးမှုမှတဆင့် အခုပွဲစဉ်အတွက် သူ့ရဲ့ဒုတိယမြောက်ဂိုး၊ ပေါ်တူဂီအသင်းရဲ့တတိယမြောက်ဦးဆောင်ဂိုးကို သွင်းယူခဲ့ပါတယ်။ ပွဲပြီးဆုံးချိန်မှာတော့ ပေါ်တူဂီအသင်းက အိုင်ယာလန်အသင်းကို သုံးဂိုးပြတ်အနိုင်ကစားခဲ့ပါတယ်။
 
မာတီနက်ဇ်ရဲ့အသင်းက ယူရို-၂၀၂၄၊ အုပ်စု (F) အဖွင့်ပွဲစဉ်အဖြစ် ချက်အသင်းနဲ့ လာမယ့်ရက်သတ္တပတ်၊လိုက်ပ်ဇစ်မြို့မှာ ယှဉ်ပြိုင်ကစားရပါလိမ့်မယ်။