The network connection is lost.

Banner Image

လီဗာပူးစတားကိုခေါ်ယူဖို့ တောင်းဆိုတဲ့တန်ကြေးပေးချေဖို့အသင့်ရှိနေတဲ့ ရီးရဲလ်

သတင်းတွေအရ ရီးရဲလ်အသင်းဟာ အခုလာမယ့်ဇန်နဝါရီမှာ လီဗာပူးစတား အာနိုးလ်ကိုခေါ်ယူဖို့ ပေါင်သန်း ၂၀ ပေးချေဖို့အဆင်သင့်ရှိနေတယ်လို့ သိရပါတယ်။ အသက် ၂၆ နှစ်သားရဲ့စာချုပ်သက်တမ်းက နွေရာသီမှာ ကုန်ဆုံးမှာဖြစ်ပြီး ကစားသမားကိုယ်တိုင်က စပိန်မြေကိုပြောင်းချင်နေပါတယ်။

ကာဗာဂျယ်ဒဏ်ရာရရှိခဲ့တာကြောင့် ရီးရဲလ်အသင်းက အာနိုးလ်ကိုခေါ်ယူဖို့ ချိတ်ဆက်နေတာဖြစ်ပါတယ်။ တယ်လီဂရက်ဖ်သတင်းဌာနကလည်း မက်ဒရစ်ဟာ အာနိုးလ်ကို ပေါင်သန်း ၂၀ နဲ့ ကနဦးကမ်းလှမ်းဖို့ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။ လီဗာပူးဘက်ကလည်း အာနိုးလ်ကိုအသင်းမှာဆက်ထိန်းဖို့ ဆွေးနွေးနေပြီး ဆာလက် နဲ့ ဗန်ဒိုက်တို့ကိုပါ ဆက်ထိန်းဖို့ ပြင်ဆင်နေပါတယ်။

အာနိုးလ်အနေနဲ့ မကြာခင်မှာ ကြီးမားတဲ့ဆုံးဖြတ်ချက်ချရဖို့များနေပြီး လီဗာပူးအသင်းဘက်ကတော့ အရထိန်းသိမ်းချင်နေပါတယ်။ အသက် ၂၆ နှစ်ရှိသာရှိနေပေမယ့် အာနိုးလ်ဟာ လီဗာပူးအသင်းရဲ့အတွေ့အကြုံအရှိဆုံးကစားသမားတွေထဲကတစ်ဦးဖြစ်နေပါတယ်။ အာနိုးလ်ဟာ ၂၀၁၆ မှာ လီဗာပူးအသင်းစီနီယာကစားသမားဘဝကို စတင်နိုင်ခဲ့ပြီး ပြိုင်ပွဲစုံ ၃၃၃ ပွဲအထိ ပါဝင်ကစားပေးထားပါတယ်။

ဒါ့အပြင် လီဗာပူးအသင်းနဲ့အတူ ပရီးမီးယားလိဂ် ၊ ချန်ပီယံလိဂ် နဲ့ ကလပ်ကမ္ဘာ့ဖလားတွေလည်း ရယူထားနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့အင်တာဗျူးမှာလည်း အာနိုးလ်က သူ့အနေနဲ့ ဂန္ထဝင်တစ်ဦးဖြစ်အောင်လုပ်ဆောင်ချင်တယ်လို့ ပြောကြားခဲ့သေးတာဖြစ်ပါတယ်။ အဆိုပါအနေအထားအရ အာနိုးလ်အနေနဲ့ အသင်းမှာဆက်နေနိုင်ချေလည်း များနေသေးတာဖြစ်ပါတယ်။ လီဗာပူးအသင်းအနေနဲ့ အာနိုးလ်တစ်ဦးတည်းကိုပဲ ဆက်ထိန်းရမှာမဟုတ်ပဲ ဆာလက် နဲ့ ဗန်ဒိုက်တို့ကိုပါ ဆက်ထိန်းရမှာဖြစ်ပါတယ်။

လီဗာပူးနည်းပြ စလော့တ်ကတော့ အသင်းဘက်က အကုန်လုပ်ဆောင်နေပြီး သူ့အနေနဲ့ ကွင်းအတွင်းစွမ်းဆောင်ရည်ပိုင်းကိုသာ အာရုံစိုက်နေတယ်လို့ ပြောကြားခဲ့ပါတယ်။ လီဗာပူးအသင်းဟာ လာမယ့်တနင်္ဂနွေနေ့မှာ မဟာပြိုင်ဘက် ယူနိုက်တက်အသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။