The network connection is lost.

Banner Image

အာဆင်နယ်စတားကို နံပတ် ၁ ပစ်မှတ်အဖြစ် သတ်မှတ်ထားတဲ့ ရီးရဲလ်မက်ဒရစ်

သတင်းတွေအရ ရီးရဲလ်အသင်းဟာ အာဆင်နယ်နောက်ခံလူ ဆာလီဘာကို နွေရာသီရဲ့ထိပ်တန်းပစ်မှတ်အဖြစ် သတ်မှတ်ထားတယ်လို့ သိရပါတယ်။ ဆာလီဘာဟာ ပြီးခဲ့တဲ့ရာသီတွေက ကမ္ဘာ့အကောင်းဆုံးနောက်ခံလူတစ်ဦးအဖြစ် ပေါ်ထွက်လာခဲ့တာဖြစ်ပြီး ၂၀၂၄ ဖီဖာအကောင်းဆုံး ၁၁ ယောက်လူစာရင်းမှာ ပါဝင်ခဲ့တာဖြစ်ပါတယ်။

မက်ဒရစ်အသင်းဟာ ဆာလီဘာကို ခေါ်ယူဖို့ ချိတ်ဆက်မှုတွေပြုလုပ်နေပြီး နွေမှာကမ်းလှမ်းဖွယ်ရှိနေပါတယ်။ နောက်တန်းအားဖြည့်ဖို့ကို ရီးရဲလ်က မကွယ်မဝှက်ပြောကြားထားကာ ပြင်သစ်သားအရည်အချင်းကို သဘောကျနေပါတယ်။ ဒါပေမယ့် အာဆင်နယ်ကတော့ သူတို့ရဲ့အဓိကကစားသမားကို အသင်းမှာဆက်ထိန်းထားဖို့များနေပါတယ်။ ဆာလီဘာ နဲ့ အာဆင်နယ်တို့ကြား စာချုပ်သက်တမ်းက ၂ နှစ်ကျန်နေပြီး အပိုသက်တမ်းတိုးခွင့်မပါရှိတာဖြစ်ပါတယ်။

ပြင်သစ်သားဟာ ပြီးခဲ့တဲ့ရာသီတုန်းက စာချုပ်သစ်ချုပ်ဆိုထားပြီး တစ်ရာသီကို ပေါင် ၁၀ သန်းရရှိနေပါတယ်။ မက်ဒရစ်အခြေစိုက်သတင်းဌာနတစ်ခုကတော့ အာဆင်နယ်ဟာ ဆာလီဘာကိုရောင်းချခဲ့ရင်တောင် ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးရမှရောင်းချနိုင်တယ်လို့ ဖော်ပြခဲ့ပါတယ်။ ဆာလီဘာဟာ အာဆင်နယ်အသင်း ပြီးခဲ့တဲ့ ၂ ရာသီချန်ပီယံဆုစိန်ခေါ်နိုင်ခဲ့ရာမှာ အဓိကနေရာကနေ ပါဝင်ခဲ့တာဖြစ်ပါတယ်။

ဒီရာသီမှာလည်း အဆိုပါရာသီတွေကနည်းတူ ဆက်လက်စွမ်းဆောင်ရည်ကောင်းတွေပြသနေပါတယ်။ ရီးရဲလ်ဟာ ဆာလီဘာကို မာဆေးလ်အသင်းမှာအငှားကစားကတည်းက သဘောကျနေခဲ့တာဖြစ်ပါတယ်။ အခုနှစ်တွေမှာ ရီးရဲလ်အနေနဲ့ နောက်ခံလူတစ်ဦးအတွက် ငွေအများအပြားအသုံးမပြုထားသေးပဲ ၂၀၁၉ တုန်းက ဖာလန်းမန်ဒီကို လိုင်ယွန်ကနေ ခေါ်ယူတုန်းကသာ ပေါင် ၄၇ သန်းအသုံးပြုထားခဲ့ပါတယ်။

လက်ရှိခံစစ်မှာ ရီးရဲလ်အသင်းဟာ ရူဒီဂါ နဲ့ အလာဘာတို့ရှိနေပေမယ့် ဆာလီဘာအပါအဝင် အာနိုးလ်ကိုလည်း ခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။