The network connection is lost.
ရီးရဲလ်အသင်းကွင်းလယ်လူ ဘယ်လင်ဟမ်တစ်ယောက် ဗလန်စီယာနဲ့ပွဲမှာ ပြသခံခဲ့ရတဲ့အနီကတ်ကြောင့် ၂ ပွဲပယ်ခံခဲ့ရပြီဖြစ်ပါတယ်။
ဗလန်စီယာကို ၂-၂ သရေကျခဲ့တဲ့ပွဲမှာ ဘယ်လင်ဟမ်ဟာ ကွင်းလယ်ဒိုင်ကို သွင်းဂိုးနဲ့ ပတ်သက်ပြီး စောဒဂတတက်ခဲ့တာကြောင့် အနီကတ်ပြသခံခဲ့ရတာဖြစ်ပါတယ်။ အင်္ဂလန်သားဟာ ပွဲပြီးခါနီးမှာ အနိုင်ဂိုး သွင်းယူနိုင်ခဲ့ပေမယ့် ကွင်းလယ်ဒိုင်က ခွင့်မပြုခဲ့တာကြောင့် ငြင်းခုန်မှုတွေဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
ဘယ်လင်ဟမ်မပါဝင်နိုင်တာက ရီးရဲလ်အသင်း အတွက် သတင်းဆိုးဖြစ်လာခဲ့ပြီး လက်ရှိလာလီဂါမှာ ၈ မှတ်ဖြတ်ထားနိုင်သလို ချန်ပီယံလိဂ်မှာလည်း လိုက်ပ်ဇစ်ကို ပထမအကျော့မှာ အနိုင်ရရှိထားခဲ့ပါတယ်။ ရီးရဲလ်အသင်းအတွက် ဘယ်လင်ဟမ်ဟာ ပြိုင်ပွဲစုံ ၂၀ ဂိုးသွင်း ၊ ၈ ဂိုးဖန်တီးပေးထားနိုင်ခဲ့ပြီး တန်ကြေးက ပေါင် ၁၀၈ သန်းအထိ မြင့်တက်လာခဲ့ပါတယ်။
အနီကတ်ကြောင့် ဘယ်လင်ဟမ်ဟာ ဆယ်လ်တာဗီဂို ၊ အိုဆာဆူနာတို့နဲ့ပွဲတွေကို လွဲချော်မှာဖြစ်ပြီး ချန်ပီယံလိဂ်မှာတော့ ပါဝင်ခွင့်ရရှိမှာဖြစ်ပါတယ်။