The network connection is lost.

Banner Image

ဘာပေ နဲ့ ဗင်နီတို့အတူတူတွဲကစားနိုင်မယ်လို့ အလွန်ဆို ယုံကြည်နေ

ရီးရဲလ်နည်းပြ အလွန်ဆိုက ဘာပေတစ်ယောက် မကြာခင်အသင်းထံပြန်လာပြီး ဗင်နီနဲ့အတူ တွဲကစားနိုင်မယ်လို့ ယုံကြည်နေပါတယ်။ ပြင်သစ်သားဟာ နည်းပြသစ် အလွန်ဆိုလက်အောက် ကလပ်ကမ္ဘာ့ဖလားမှာပါဝင်ခွင့်မရသေးပဲ ဒဏ်ရာပြဿနာတွေရှိနေတာဖြစ်ပါတယ်။ ဆဲလ်ဘတ်ဂျ်ကို ၃ ဂိုးပြတ်အနိုင်ရခဲ့တဲ့ပွဲမှာ အသင်းဖော် ဗင်နီတစ်ယောက် နောက်ပေါက်ကန်ချက်နဲ့ ၁ ဂိုးသွင်း ၊ ၁ ဂိုးဖန်တီးတာကို ပွဲကြည့်စင်ကနေသာကြည့်ရှုနိုင်ခဲ့ပါတယ်။

ကလပ်ကမ္ဘာ့ဖလားမတိုင်ခင် အလွန်ဆိုတစ်ယောက် နည်းပြသစ်ဖြစ်လာခဲ့ပြီး တိုက်စစ်ပိုင်းကို သေချာလေးပြင်ဆင်နေတာဖြစ်ပါတယ်။ လာမယ့်ရာသီသစ်မှာလည်း ဘာပေ နဲ့ ဗင်နီအတွဲကို ဆက်လက်မြင်တွေ့ရဖွယ်ရှိနေပြီး အလွန်ဆိုက ဗင်နီရဲ့ခံစစ်ပိုင်းစွမ်းဆောင်ရည်တိုးတက်အောင် လုပ်ဆောင်ပေးချင်နေပါတယ်။

“သူတို့အတူတူတွဲကစားနိုင်လောက်ပါတယ်။ ဗင်နီက အပြင်မှာကစားပြီး ကိုင်လီက အတွင်းမှာကစားမှာပါ။ အဲ့တာက ၂ ဦးသဘောတူတာမျိုးမဟုတ်ပဲ တစ်ဦးချင်းစွမ်းဆောင်ရည်တွေနဲ့ပါ။ ဒါပေမယ့် အသင်းက အခုလိုမျိုးအခြေအနေလိုအပ်ပါတယ်။

အတူတူပူးပေါင်းရမှာဖြစ်ပြီး ဘာပေပြန်လာတာကို မြင်ချင်ပါတယ်။ သူ့ဆီကနေလည်းအကောင်းဆုံးပုံစံမြင်ချင်ပါတယ်။ ကျွန်တော် သူကစားနိုင်မယ်လို့ ပြောချင်တာမဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ အင်္ဂါနေ့အတွက် အကောင်းမြင်နေပါတယ်။ ဗင်နီရဲ့ဂိုးကို ကျွန်တော်သဘောတော့မကျပါဘူး။ ကျွန်တော် သူ့ရဲ့ခံစစ်ကစားပုံကိုတော့ ကျွန်တော်သဘောကျပါတယ်။ အဲ့တာ ကျွန်တော်တို့ အတူတူကစားနိုင်တယ်ဆိုတာကို ပြသနေပါတယ်။ တိုက်စစ်မှာ သူဗဟိုတိုက်စစ်နေရာမှာ ပိုလွတ်လပ်ကစားနိုင်ပါတယ်။ 

ဗင်နီအတွက် ကျွန်တော်ပျော်ပါတယ်။ အဲ့တာက ကောင်းမွန်တဲ့ခံစားချက်ရစေပါတယ်။ ကျွန်တော်တို့ ဆက်သွားရမှာဖြစ်ပြီး ခရီးအရှည်ကြီးကျန်နေပါသေးတယ်”လို့ အလွန်ဆိုက ပြောကြားခဲ့ပါတယ်။ မက်ဒရစ်ဟာ လာမယ့်အင်္ဂါနေ့မှာ ကလပ်ကမ္ဘာ့ဖလား ၁၆ သင်းအဆင့်ပွဲစဉ်အဖြစ် ဂျူဗင်တပ်စ်အသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။

တကယ်လို့ ဘာပေအချိန်မီသက်သာလာခဲ့ရင် ဗင်နီ ၊ ဘယ်လင်ဟမ်တို့နဲ့တွဲဖက်ပြီး တိုက်စစ်မှာ ပါဝင်လာဖွယ်ရှိနေပါတယ်။ အနိုင်ရခဲ့မယ်ဆိုရင် ရီးရဲလ်ဟာ ကွာတားဖိုင်နယ်တက်ရောက်နိုင်မှာဖြစ်ပြီး ချန်ပီယံဆုအတွက် အလားအလာကောင်းသွားမှာဖြစ်ပါတယ်။