The network connection is lost.

Banner Image

ယူနိုက်တက်စတားကို အပြီးသတ်ခေါ်ယူဖွယ်မရှိတော့တဲ့ ဘက်တစ်

ယူနိုက်တက်အသင်းနဲ့ ညှိနှိုင်းမှုအဆင်မပြေတာကြောင့် ရီးရဲလ်ဘက်တစ်အသင်းဟာ တောင်ပံကစားသမား အန်တိုနီကို အပြီးသတ်ခေါ်ယူတော့မှာမဟုတ်ဘူးလို့ သိရပါတယ်။ပြီးခဲ့တဲ့ရာသီတုန်းက စပိန်မြေမှာ အငှားနဲ့အောင်မြင်ခဲ့ပြီးနောက် ဘက်တစ်အသင်းဟာ အန်တိုနီကို အပြီးသတ်ခေါ်ယူဖို့ လုပ်ဆောင်လာခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အပြီးသတ်ခေါ်ယူဖို့ ဆွေးနွေးရာမှာ ယူနိုက်တက်နဲ့ညှိနှိုင်းဖို့ အဆင်မပြေတာကြောင့် နောက်ဆုတ်ဖွယ်ရှိနေတယ်လို့ သိရပါတယ်။ အန်တိုနီဟာ ယူနိုက်တက်ရဲ့ရာသီကြိုခရီးစဉ်မှာ ချန်လှပ်ခံခဲ့ရပြီးနောက် အသင်းသစ်ရှာဖွေရတော့မှာဖြစ်ပါတယ်။  ဒါပေမယ့် ယူနိုက်တက်ဘက်က သူ့အတွက်တန်ကြေးကိုပေါင်သန်း ၃၀ လောက်တောင်းဆိုနေတယ်လို့ သိရပြီး ဘက်တစ်အနေနဲ့ ဘရာဇီးသားကိုလိုချင်တယ်ဆိုရင် ငွေကြေးတစ်ရပ်ရှာဖွေရမှာဖြစ်ပါတယ်။

“ဘဏ္ဍာရေးပိုင်းအရကြည့်ရင် အဲ့တာက ကျွန်တော်တို့အခြေအနေနဲ့ကိုက်ညီပါတယ်။ တန်ကြေးက ယူနိုက်တက်အပေါ်မှာ မူတည်ပါတယ်။ ယူနိုက်တက်တောင်းဆိုမှုမြင့်မားတာကြောင့် ကျွန်တော်တို့ တတ်နိုင်လားဆိုတာကို ယူဆနေပါတယ်။ တကယ်လို့ အဆင်ပြေတယ်ဆိုရင်တော့ ခေါ်ယူသွားမှာပါ။ ဒီလိုအရည်အချင်းမျိုး ၊ ဘဏ္ဍာရေးမျိုးနဲ့ကိုက်ညီတဲ့ကစားသမားမျိုးခေါ်ယူနိုင်ဖို့ဆိုတာက ခက်ခဲပါတယ်”လို့ ဘက်တစ်ဥက္ကဌ ဟာရိုက ပြောကြားခဲ့ပါတယ်။

အေဂျက်စတားဟောင်းကလည်း ဘက်တစ်အသင်းထံပြောင်းရွှေ့ချင်နေသလို တီကိုအသင်းကလည်း ချိတ်ဆက်နေပါတယ်။ အန်တိုနီအနေနဲ့ စပိန်မြေကိုပြောင်းဖြစ်မလား ဒါမှမဟုတ် အခြားနေရာတစ်ခုကို ရွေးချယ်မလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။