The network connection is lost.

Banner Image

တီမိုဝါနာကို နည်းပါးတဲ့တန်ကြေးနဲ့ရောင်းထုတ်ဖို့ ပြင်ဆင်နေတဲ့ လိုက်ပ်ဇစ်

လိုက်ပ်ဇစ်အသင်းဟာ သူတို့တိုက်စစ်မှူး ဝါနာကို နည်းပါးတဲ့တန်ကြေးနဲ့ရောင်းထုတ်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ Sport1 သတင်းဌာနရဲ့အဆိုအရ  ဂျာမန်သားဟာ တော့တင်ဟမ်မှာ အငှားသက်တမ်းကုန်ဆုံးခဲ့ပြီဖြစ်တာကြောင့် လိုက်ပ်ဇစ်အသင်းထံ ပြန်ရတော့မှာဖြစ်ပြီး ယူရို ၄ သန်းလောက်နဲ့ ရောင်းထုတ်ဖို့ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။

ဝါနာဟာ ၂၀၂၄ ဇန်နဝါရီတုန်းက တော့တင်ဟမ်ထံပြန်လာခဲ့တာဖြစ်ပြီး ဒီရာသီပရီးမီးယားလိဂ် ၂ ဂိုးသာသွင်းယူနိုင်ခဲ့ပါတယ်။ နောက်ထပ်လည်း ၁၈ ပွဲအထိ ပါဝင်ခွင့်ရခဲ့ပေမယ့် သွင်းဂိုးတော့ရခဲ့ခြင်းမရှိတာဖြစ်ပါတယ်။ ဒါ့အပြင် ယူနိုက်တက် နဲ့ ယူရိုပါလိဂ်ဖိုင်နယ်ပွဲမှာလည်းနေရာမရခဲ့တာဖြစ်ပြီး ဖလားအောင်ပွဲခံချိန်မှသာ ပါဝင်ခဲ့ပါတယ်။

စွမ်းဆောင်ရည်ကျဆင်းခဲ့တာကြောင့် တော့တင်ဟမ်ဟာ ဝါနာကို ယူရို ၁၀ သန်းနဲ့အပြီးသတ်ခေါ်ယူခွင့်ကိုပါ အသက်မသွင်းခဲ့တာဖြစ်ပါတယ်။ အခုချိန်မှာ အသက် ၂၉ နှစ်ရှိနေပြီဖြစ်တဲ့ ဝါနာတစ်ယောက် ၂၀၂၀ တုန်းက ချဲလ်ဆီးအသင်းထံ ပေါင် ၄၇.၅ သန်းနဲ့ပြောင်းရွှေ့ခဲ့ပြီး ပထမဆုံးရာသီမှာ ၆ ဂိုးသွင်း ၊ ၁၂ ဂိုးဖန်တီးနိုင်ခဲ့ပါတယ်။

ဒါပေမယ့် စွမ်းဆောင်ရည်ကျဆင်းခဲ့ပြီးနောက် ၂၀၂၂ မှာ ဂျာမနီမြေကို ပြန်ခဲ့ပါတယ်။ ဂျာမနီအသင်းအတွက် ၅၇ ပွဲမှာ ၂၄ ဂိုးအထိသွင်းယူနိုင်ခဲ့ပေမယ့် ပေါ်တူဂီနဲ့နေးရှင်းလိဂ်ဆီမီးဖိုင်နယ်ပွဲမျာတော့ မပါဝင်ခဲ့တာဖြစ်ပါတယ်။ အခုနွေရာသီမှာ ဝါနာအနေနဲ့ အသင်းသစ်တစ်သင်းကို ရှာဖွေရဖွယ်ရှိနေပါတယ်။