The network connection is lost.

Banner Image

ဘာစီလိုနာကိုပြောင်းဖို့ အခွင့်အရေးရှိလာတဲ့ ယူနိုက်တက်စတား

သတင်းတွေအရ ယူနိုက်တက်စတား ရက်ရှ်ဖို့ဒ်တစ်ယောက် အခုနွေရာသီမှာ ဘာစီလိုနာထံပြောင်းရွှေ့ဖို့ အခွင့်အရေးရှိလာတယ်လို့ သိရပါတယ်။ စပေါ့တ်သတင်းဌာနရဲ့အဆိုအရ ရက်ရှ်ဖို့ဒ်ရဲ့အေးဂျင့်ဖြစ်သူဟာ ဘာစီလိုနာရဲ့အားကစားဒါရိုက်တာ ဒေကိုနဲ့တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။ အဆိုပါတွေ့ဆုံမှုအပြင် ဖလစ် နဲ့ ဘာစီလိုနာတာဝန်ရှိသူတွေရဲ့တိုက်တွန်းမှုကြောင့် အခုနွေရာသီမှာ အင်္ဂလန်သားအနေနဲ့ ဘာစီလိုနာကိုပြောင်းလာနိုင်ချေရှိနေတာဖြစ်ပါတယ်။

ဗီလာအသင်းထံအငှားထွက်ကစားခဲ့ပြီးနောက် ရက်ရှ်ဖို့ဒ် နဲ့ ယူနိုက်တက်တို့ကြား အနာဂတ်က မသေချာတော့တာဖြစ်ပြီး အခုနွေမှာ အသင်းပြောင်းဖို့ စဉ်းစားနေပါတယ်။ ယူနိုက်တက်ဘက်ကတော့ သူတို့စတားအတွက် အခုနွေရာသီမှာ ပေါင်သန်း ၄၀ လောက်အလိုရှိနေပါတယ်။ အဆိုပါပမာဏဟာ ဘာစီလိုနာအတွက် မည်သည့်ရောင်းချမှုမှမရှိရင် ခေါ်ယူနိုင်ချေမရှိတာဖြစ်ပါတယ်။

ယူနိုက်တက် နဲ့ ရက်ရှ်ဖို့ဒ်တို့ကြား စာချုပ်သက်တမ်းက ၂၀၂၈ အထိ ရှိနေတာဖြစ်ပြီး ဗီလာအတွက်တော့ ပြီးခဲ့တဲ့ရာသီ ၁၇ ပွဲမှာ ၄ ဂိုးသွင်း ၊ ၆ ဂိုးဖန်တီးထားနိုင်ခဲ့ပါတယ်။ နွေရာသီအပြောင်းအရွှေ့မဖွင့်ခင်မှာတင် ရက်ရှ်ဖို့ဒ်တစ်ယောက် ဒဏ်ရာပြဿနာကို ကျော်ဖြတ်နေချိန်မှာပဲ အခုလိုမျိုးအသင်းပြောင်းမယ့်သတင်းတွေထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။