The network connection is lost.

Banner Image

လီဗာပူးနဲ့ ယူနိုက်တက်တို့အကြား ဘယ်အသင်းနဲ့လက်တွဲချင်လဲဆိုတာကို အရိပ်အမြွက် ပြောထားပြီးသားဖြစ်တဲ့ ရာဘီယော့

လီဗာပူးနဲ့ယူနိုက်တက်တို့အကြားက ဘယ်အသင်းကိုနှစ်သက်သလဲဆိုတာကို ရာဘီယော့က အရိပ်အမြွက်ပြောကြားလိုက်ပါတယ်။

ကွင်းလယ်ကစားသမား ရာဘီယော့ဟာ စာချုပ်သက်တမ်းကုန်ဆုံးချိန်တွင် အသင်းမှထွက်ခွာသွားပြီဖြစ်ကြောင်း ကြာသပတေးနေ့တွင် ဂျူဗင်တပ်စ်က အတည်ပြုခဲ့ပါတယ်။

အသက် ၂၉ နှစ်အရွယ်ကစားသမားဟာ ၂၀၁၉ ခုနှစ်တွင် ပီအက်စ်ဂျီမှပြောင်းရွှေ့လာခဲ့ပြီး စီးရီးအေတွင် ၂၁၂ ပွဲကစားခဲ့တာဖြစ်ပါတယ်။ တူရင်တွင်နေထိုင်စဉ်အတွင်း စီးရီးအေအမှတ်ပေးဖလား ၁ကြိမ်၊ အီတလီဖလား ၂ ကြိမ်နှင့် အီတလီစူပါဖလား ၁ ကြိမ်တို့ကို ရရှိခဲ့ပါတယ်။

နည်းပြသစ် သီယာဂိုမော့တာကို မိတ်ဆက်တဲ့ သတင်းစာရှင်းလင်းပွဲတွင် ဂျူဗင်တပ်စ် နည်းစနစ်ဒါရိုက်တာက "ကျွန်တော် ရာဘီအော့ကို ကျေးဇူးတင်ချင်ပါတယ်"

"သူ့ရဲ့စာချုပ်က သက်တမ်းကုန်သွားပါပြီ။ ကျွန်တော်တို့က သူ့ကို ပျော်ရွှင်တဲ့ အနာဂတ်၊ ပရော်ဖက်ရှင်နယ်နဲ့ တခြားနည်းနဲ့ ဖြတ်သန်းနိုင်ပါစေလို့ ဆုတောင်းပါတယ်" လို့ ပြောထားပါတယ်။

ကွင်းလယ်ကစားသမားဟာ ယခင်က ယူနိုက်တက်၊ နယူးကာဆယ်နှင့် လီဗာပူးတို့အပါအဝင် ပရီးမီးယားလိဂ်ကလပ်အသင်းများရဲ့ အပြောင်းအရွှေ့ပစ်မှတ်ဖြစ်ခဲ့ကြောင်း သတင်းများထွက်ပေါ်လျက်ရှိပါတယ်။

ရာဘီယော့ကို ခေါ်ယူရာတွင် ပရီးမီးယားလိဂ်ပြိုင်ဘက်များထက် လီဗာပူးက အနည်းငယ် အသာစီးရနိုင်ဖွယ်ရှိနေပါတယ်။

ပြင်သစ်လက်ရွေးစင်ကစားသမားဟာ လီဗာပူးရဲ့အကြီးကျယ်ဆုံးကစားသမားတစ်ဦးဖြစ်တဲ့ စတီဗင်ဂျရတ်ကို အိုင်ဒေါအဖြစ်သတ်မှတ်ပြီး လီဗာပူးကိုအားပေးရင်း ကြီးပြင်းလာခဲ့ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

"ကျွန်တော်က စတီဗင်ဂျရတ်ရဲ့ အမာခံပရိသတ်တစ်ယောက်ဖြစ်လို့ ငယ်ငယ်က လီဗာပူးကို အားပေးခဲ့ပါတယ်။သူက ကျွန်တော့်ရဲ့ အိပ်မက်တွေ ဖန်တီးပေးတဲ့အတွက် ကျွန်တော်ဟာ လီဗာပူးကိုအားပေးခဲ့ဖူးပါတယ်" လို့ ရာဘီအော့က ပြောပါတယ်။

ထို့အပြင် ၂၀၀၈ ခုနှစ် မန်စီးတီးရဲ့ အကယ်ဒမီမှာရှိစဉ် အင်္ဂလန်ဘောလုံးကမှာ ကစားရန် စိတ်အားထက်သန်ကြောင်း ကာတာမှာကျင်းပတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ရာဘီအော့က ဝန်ခံခဲ့ပါတယ်။

"ဒါဟာ အရမ်းကောင်းတဲ့ အတွေ့အကြုံပါ။ ဒါပေမယ့် ကျွန်တော် တစ်ရာသီလုံး မလုပ်ဖြစ်ခဲ့ပါဘူး"

"ကျွန်တော်အဲ့ဒီမှာရှိစဉ်မှာ အရာအားလုံးအဆင်ပြေခဲ့ပါတယ်။ အဲ့ဒီကပတ်ဝန်းကျင်ကို အရမ်းသဘောကျခဲ့ပါတယ်။ ဒါက အင်္ဂလန်မှာသာရှိတဲ့အရာပါ။ ပြင်သစ်၊ အီတလီတို့နဲ့ မတူပါဘူး"

"ကျွန်တော့် ကစားသမားဘ၀မှာ အင်္ဂလန်မှာ ကစားချင်ပါတယ်လို့ အမြဲပြောခဲ့ဖူးပါတယ်။ ကျွန်တော်ကတော့ အဲဒီဆန္ဒရှိနေတုန်းပါပဲ။ ပရီးမီးယားလိဂ်မှာ ကစားချင်ပါတယ်" လို့ ရာဘီအော့က ပြောပါတယ်။