The network connection is lost.

Banner Image

ရီးရဲလ်အသင်းနဲ့ စာချုပ် ချုပ်ဆိုထားပြီးဖြစ်တဲ့ ပီအက်စ်ဂျီစတား အမ်ဘာပေ

စပိန်ကလာတဲ့သတင်းတွေအရ ရီးရဲလ်အသင်းနဲ့ ဘာပေတို့ကြား စာချုပ် ချုပ်ဆိုထားပြီးဖြစ်ကာ အခုနွေရာသီမှာ ပြင်သစ်သားက အသင်းရဲ့ထိပ်တန်းလုပ်ခလစာအများဆုံး ကစားသမားဖြစ်လာမယ်လို့ ဖော်ပြနေကြပါတယ်။ ဘာပေဟာ အခုလအစောပိုင်းတုန်းက ပီအက်စ်ဂျီကနေ ထွက်ခွာမယ်လို့ ထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပြီး လက်ရှိစာချုပ်မှာပါတဲ့ ၁ နှစ်စာချုပ်သက်တမ်းတိုးခွင့်ကို အသုံးမချထားတာဖြစ်ပါတယ်။

အဆိုပါသတင်းထွက်ပေါ်ကတည်းက ရီးရဲလ်အသင်းဟာ ဘာပေကိုခေါ်ယူနိုင်ဖို့ ထိပ်ဆုံးက ရေပန်းစားနေတာဖြစ်ပြီး အာဆင်နယ်၊ မန်စီးတီးတို့နဲ့လည်း သတင်းတွေထွက်နေပါတယ်။ ဒါပေမယ့် မာကာသတင်းဌာနရဲ့အဆိုအရ ရီးရဲလ်အသင်းဟာ ဘာပေကို စာချုပ်ချုပ်ဆိုထားပြီးဖြစ်ကာ ၂၀၂၉ မတိုင်ခင်အထိ စာချုပ်သက်တမ်းရှိမယ်လို့ ဖော်ပြခဲ့ပါတယ်။

အသက် ၂၅ နှစ်သားအတွက် ရီးရဲလ်အသင်းက ဇန်နဝါရီတုန်းက ကနဦးချိတ်ဆက်ခဲ့ပေမယ့် ဘဏ္ဍာရေးအခြေအနေကြောင့် နောက်ဆုတ်ခဲ့ရပါတယ်။ ဒါ့အပြင် အခုစာချုပ်ထဲမှာ ဘာပေတစ်ယောက် တစ်နှစ်ကို ပေါင် ၆၂ သန်းလောက်အထိ ရရှိဖွယ်ရှိနေတယ်လို့ သိရပါတယ်။

ရီးရဲလ်ဒါရိုက်တာ ဂျို့စ်အိန်ဂျယ်ဆန်းချက်ဇ်က ဦးဆောင်ပြီး ဘာပေရဲ့အမေနဲ့ အေးဂျင့်ဖြစ်သူ လာမာရီ ၊ သူ့ရှေ့နေ ဗာဟေဒန်တို့နဲ့ ဆွေးနွေးခဲ့တာလို့ သိရပါတယ်။ ရီးရဲလ်အသင်းဟာ ဘာပေရဲ့လုပ်ခလစာကို ပီအက်စ်ဂျီမှာရနေတဲ့ လစာထက်လျော့နည်းပေးချေမှာဖြစ်ပြီး ပြောင်းရွှေ့ကြေးကိုလည်း ပေါင်သန်း ၁၂၀ ထက်လျော့နည်းတဲ့ ပေါင်သန်း ၄၀ အောက်သာ ပေးချေမယ်လို့ သိရပါတယ်။ အလဲအလှယ်အနေနဲ့ ရီးရဲလ်အသင်းဟာ ပုံရိပ်အသုံးပြုခွင့်ကနေ ၆၀% ရယူမယ်လို့ သိရပါတယ်။

ဘာပေတစ်ယောက် ရီးရဲလ်ကို ပြောင်းရွှေ့လာတဲ့အဓိကအချက်က ဘယ်လင်ဟမ် ၊ ဗင်နီဆီးယက်စ်တို့လိုကစားသမားမျိုးတွေနဲ့ ကစားချင်တာပါဝင်နေပါတယ်။ ဘာပေ အပြောင်းအရွှေ့ကို တရားဝင်မကြေညာသေးပေမယ့် ယူရိုဖိုင်နယ်အပြီး အိုလံပစ်ပြိုင်ပွဲအစမှာ ကြေညာနိုင်ဖွယ်ရှိနေပါတယ်။

အဆိုပါအခြေအနေဟာ ဘာပေကို သူ့နိုင်ငံအတွက် ရီးရဲလ်အသင်းက ကိုယ်စားပြုခွင့်ပေးတာဖြစ်ပါတယ်။