The network connection is lost.

Banner Image

ဆိုးရွားတဲ့ပုံစံကနေ ရုန်းထွက်နိုင်ဖို့ ပြောကြားလိုက်တဲ့ ပိုစတီကိုဂလူ

ပိုစတီကိုဂလူရဲ့ ဒဏ်ရာရရှိနေတဲ့ အသင်းဟာ ဒီဇင်ဘာလကုန်ကတည်းက လိဂ်ပွဲ ၅ ပွဲတွင် ၅ မှတ်သာ ရယူထားနိုင်တာပါ။ သူတို့ဟာ အမှတ်ပေးဇယားရဲ့အဆင့် ၁၄ မှာ ရှိနေပြီး အသင်းရဲ့ ရလဒ်တွေကလည်း တိုးတက်ရမှာဖြစ်ပါတယ်လို့ သူက ဝန်ခံထားပါတယ်။

"ဒါက ဘာနဲ့တူနေသလဲဆိုတာ ကျွန်တော် နားလည်ပါတယ်။ အပြင်ကဖြစ်နေတာတွေကိုလည်း နားလည်ပါတယ်။ဘုရားသခင်လည်း ခက်ခဲတဲ့အနေအထားတွေကို ဖြတ်သန်းခဲ့ရတာပါ။ သို့ပေမယ့် ဒါတွေကတော့ ကျွန်တော်ရှိနေလို့တော့ မဟုတ်ပါဘူး" "ဒါက ကြီးမားတဲ့ စိန်ခေါ်မှုဆိုတာ ကျွန်တော်သိပါတယ်။ ကျွန်တော့်အတွက် တာဝန်ယူမှုကလည်း ကြီးမားပါတယ်။ အဲ့ဒီအတွက် ကျွန်တော် နာကျင်စွာခံစားရပါတယ်။ စိတ်ပျက်ပါတယ်။ သို့သော်လည်း ကျွန်တော် ကြံ့ခိုင်တဲ့သူဖြစ်ပြီး ဒါဟာ ကျွန်တော်ဖြစ်ချင်တဲ့ပုံစံလည်းဖြစ်ပါတယ်"

"လက်ရှိဖြစ်နေတဲ့ အနေထားကနေ ရုန်းထွက်နိုင်ဖို့ နည်းလမ်းကို ကျွန်တော်ရှာချင်ပါတယ်။ အပြင်ကလူတွေထင်နေတာတွေက ကျွန်တော့်အပေါ် သက်ရောက်မှုဆိုတာ မရှိပါဘူး" "အဲ့ဒီအပေါ်က ပုံစံတစ်မျိုးနဲ့ ကျွန်တော်စဉ်းစားမိပါတယ်။ ကျွန်တော်က ပိုလို့တောင် နုပျိုပြီး ခန့်ညားသွားပါသေးတယ် သို့သော်လည်း ဒါက တော်တော်လေးကို ပျင်းဖို့ကောင်းပါတယ်" လို့ နည်းပြကြီးက ပြောပါတယ်။

ဝက်စ်ဟမ်းကနေ ထွက်ခွာပြီး ၈ လအကြာမှာ ဒေးဗစ်မိုယက်စ်ဟာ အဲဗာတန်သို့ ဒုတိယအကြိမ်ရောက်ရှိခြင်းနှင့်အတူ ပရီးမီးယားလိဂ်သို့ ပြန်လာနိုင်တဲ့အပေါ် ပိုစတီကိုဂလူက ပျော်နေပါတယ်။ "ပရီးမီးယားလိဂ်သို့ သူပြန်လာတဲ့အပေါ် ကျွန်တော် အရမ်းဝမ်းသာပါတယ် ဘာလို့လဲဆိုတော့ ကျွန်တော်က အသက်ကြီးဆုံးနည်းပြမဟုတ်တော့ဘူးလေ။ ရွိုင်းဟော့ဆန် ပြန်လာမယ်ဆို ပိုလို့တောင်ပျော်မှာပါ" လို့ ပိုစတီကိုဂလူက ရယ်ကာ ပြောပါတယ်။

အသက် ၆၁ နှင့် ၅၉ နှစ်အရွယ် နည်းပြ ၂ ဦးစလုံးဟာ အလုပ်ကြိုးစားရမှာဖြစ်ပြီး ဖိအားတွေရှိနေသော်လည်း သူတို့ရဲ့အတွေ့အကြုံတွေက အကူအညီဖြစ်စေမှာပါ။ "ကျွန်တော့်အသက်ငယ်တုန်းကထက် အခုအသက်အရွယ်မှာ ဒီအရာတွေကို ကောင်းကောင်း ကိုင်တွယ်လာနိုင်ပါတယ်။ ဒါတွေကိုလုပ်ဖို့ ခွန်အားရှိသေးတယ်လို့ ကျွန်တော်ခံစားမိနေတုန်းပါ။ ဒါကြောင့် ကိုယ်အလေးချိန်လျော့သွားမှာ မဟုတ်ပါဘူး။ ဒီလိုအခြေအနေတွေက ကျွန်တော့်အတွက် အကူအညီတောင်ဖြစ်စေပါတယ်"

"လူငယ်နည်းပြတွေအတွက်တော့ ဒါဟာ စိန်ခေါ်မှုပါပဲ။ ဒီနေ့ခေတ်မှာ တော်တော်မျာများက အထူးသဖြင့် ဘောလုံးအပေါ်မှာ ရေတိုအမြင်သာ ရှိနေပါတယ်။ စဉ်ဆက်မပြတ်ဖြစ်နေတဲ့ အလုပ်ကို ဘယ်လိုလုပ်ရမလဲဆိုတဲ့အပေါ် ပြောကြားချက်တွေကို ဘယ်လိုခံနိုင်ရည်ရှိမှာလဲ" "အဲဒါတွေက ဘယ်လိုထွက်လာလဲဆိုတာ ကြည့်ရအောင်ပါလို့ ပြောဖို့ ဘယ်တုန်းကမှ မပေးခဲ့ဖူးပါဘူး။ အဲဒါက 'မဟုတ်ဘူး ဒါက အလုပ်မဖြစ်ဘူး အပြောင်းအလဲတော့ရှိရပါမယ်"

"ဒေးဗစ်က ကျွန်တော်နဲ့ ပုံစံတူဖြစ်ကောင်းဖြစ်နိုင်တယ်၊ ခက်ခဲတဲ့အချိန်တွေကို ဖြတ်သန်းနေရတယ်ဆိုရင် ကျွန်တော်တို့ရဲ့ ကြီးပြင်းလာမှုက ကြိုးစားမှုတွေရှိပါတယ်။ အဲဒီမှာ အတော်လေး ထိရောက်တဲ့ အခြေခံ အချက်တွေ ရှိပါတယ်" လို့ ပိုစတီကိုဂလူက ပြောပါတယ်။